Wednesday, June 10, 2015

၂၄ နာရီ ဖုန်းဆက်ငှားရမ်းနိုင်မည့်အငှားယာဉ်များ ဝန်ဆောင်မှု စတင်


မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် ၂၄ နာရီ ဖုန်းဆက်ခေါ်နိုင်မည့် စင်းလုံးငှား တက္ကစီများကို
ဇွန်လမှစကာ အသုံးပြုနိုင်မည်ဟု ရန်ကုန်သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းမှ သိရသည်။
ယင်းလုပ်ငန်းသည် ရန်ကုန် မြို့တွင်းကို အခြေပြုထားခြင်းဖြစ် ပြီး ခေါ်ဆို ငှားရမ်းနိုင်မည့် သီးသန့်ဖုန်း လေးလုံးထားရှိပေး သွားမည်ဟု ၎င်းလုပ်ငန်းမှ ဦးဝင်းဆောင်က ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းများနှင့်ပါ ပူး ပေါင်း ဆောင်ရွက်လျက်ရှိပြီး လုပ် ငန်း ၈ဝရာခိုင်နှုန်း ပြီးစီးနေပြီဟု သိရသည်။
”ဝန်ဆောင်မှုပေးမယ့် ကားတွေမှာ မီတာစနစ်တွေ ဂျီပီအက်စ် စနစ်တွေပါမယ်။ ဂျီပီအက်စ်စနစ် ပါတော့ လုံခြုံရေးအတွက် မပူရ တော့ဘူး။ ပြီးတော့ ကားပေါ်မေ့ ကျန်ခဲ့တဲ့ ပစ္စည်းတွေကိုလည်း အဲဒီစနစ်နဲ့ ပြန်ရှာလို့ ရတဲ့အတွက် ပြန်ရနိုင်မယ်”ဟု ယင်းလုပ်ငန်းမှ Call Center ၏ အုပ်ချုပ်မှု
ဒါရိုက်တာ ဦးသော်တင့်က ပြောသည်။ လက်ရှိတွင် ဝန်ဆောင်မှုပေးမည့် အချိန်အလိုက် ဈေးနှုန်းများမသတ်မှတ်ရသေးသော်လည်း နိုင်ငံတကာ စံနှုန်းများအတိုင်း
(အထူးသဖြင့် စင်ကာပူနိုင်ငံ စံနှုန်းများအတိုင်း) သတ်မှတ်သွားမည်ဟု ၎င်းက ပြောသည်။
Call Center ဖြင့် ခေါ်ယူနိုင်သောကြောင့် မိမိကိုလာခေါ်မည့် ကားနံပါတ်များကိုကြိုတင် သိရှိနေသည့်အတွက် လုံခြုံစွာနှင့်လွယ်ကူစွာ သွားလာနိုင်မည် ဖြစ်သည်။ အဆိုပါလုပ်ငန်းမှ
ဦးဝင်းဆောင် က
”ကားတွေလုံးဝမရောက်တဲ့ ချောင်ကျတဲ့ နေရာတွေပါခေါ်နိုင်တယ်ဆိုတော့ ပိုအဆင်ပြေတာ ပေါ့”ဟု ပြောသည်။ လက်ရှိတွင် ငှားရမ်းအသုံးပြုသူများ၏ အခက်အခဲများနှင့် လိုအပ်ချက်များကို သိရှိစေရန်အ တွက် အငှားယာဉ် ၈ စီးဖြင့် စမ်းသပ် ဆောင်ရွက်လျက်ရှိပြီး
အစီး ၁ဝဝဖြင့် စတင်အကောင် အထည်ဖော်သွားမည် ဖြစ်သည်။
အဆိုပါဝန်ဆောင်မှုလုပ်ငန်းကို ရန်ကုန်တွင်လုပ်ဆောင်ပြီးပါက မန္တလေးနှင့် နေပြည်တော်
တို့တွင်လည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီးနောက်ပိုင်းတွင် အများပိုင်ကုမ္ပဏီအဖြစ် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

Source : PopularNews

No comments:

Post a Comment

Welcome to Myanmar Highways
https://www.facebook.com/myanmarhighways

Myanmar Highways Recent Posts

Recent Posts Widget