Tuesday, July 14, 2015

အညာမြေ ခရီးသွားလာမှု ပုံရိပ်တစ်ခု


အညာမြေဘက်က နယ်သဘာဝ ကားနဲ့ခရီးသွားလာမှု ပုံရိပ်လေးတစ်ခု တင်ပေးဖြစ်ပါတယ်။

အညာမြေဘက်က နယ်သဘာဝ ကားနဲ့ခရီးသွားလာမှု ပုံရိပ်လေးတစ်ခု တင်ပေးဖြစ်ပါတယ်။ေ ကျးလက်နဲ့ 
တိုက်နယ်မြို့လေးတွေနဲ့ မြန်မာပြည်မြို့ကြီးအချို့မှာ ခရီးသွားလာမှုအတွက် အထောက်အကူပြု ပြေးဆွဲခဲ့ကြတဲ့
ဟိုင်းလက် ယာဉ်ငယ်လေးတွေပါ။ 

ယခုအချိန်မှာလည်း အချို့နယ်တွေမှာပြေးဆွဲနေကြပါသေးတယ်။ နယ်သူနယ်သားတွေ အများစု သွားလာ စီးနင်းဖူးကြမယ်
ထင်ပါတယ်။ ၁၀ မိုင်၊ ၁၅ မိုင်၊ မိုင် ၂၀၊ ၃၀ ၀န်းကျင် ပြေးဆွဲရတဲ့ ခေါက်တိုခရီးတွေမှာတော့အသုံးဝင်တဲ့ ဟိုင်းလက်
ယာဉ်တွေပါပဲ။ အကြမ်းခံ၊ ကုန်တင်၊ လူတင် သုံးလို့ရကြလို့ ကားလေး ခရီးသည်ပြေးဆွဲတဲ့ ကားအုံနာတွေ 
အသုံးများခဲ့ကြပါတယ်။ အတက်အဆင်း လွယ်ကူပြီး ကုန်တင်ကုန်ချ တစ်နိုင်တစ်ပိုင် ၀န်တွေကိုလည်း သယ်ယူ
ပို့ဆောင်နိုင်လို့ ဒိုင်နာတွေ အသုံးမများခင် တစ်ချိန်က ခရီးတို ပြေးဆွဲမှုမှာ ပွဲတိုင်းကျော်တွေပါပဲ။

မော်တော်ယာဉ်သစ်တွေ ၀င်ရောက်လာမှုနဲ့အတူ ယာဉ် အစားထိုးပြေးဆွဲမှုတွေလည်း များလာတဲ့နောက်ပိုင်းမှာတော့ 
အတွေ့ရ နည်းလာပါပြီ။


မော်တော်ယာဉ်များ ထုတ်ယူချိန်တွင် ပစ္စည်းလျော့နည်းနေပါက အထောက်အထားများဖြင့် တင်ပြတောင်းခံနိုင်



မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ( ၁၂ ) မှ ဦးလှဆွေ၏ နိုင်ငံခြားမှ တရားဝင် အခွန်ပေးဆောင်၍ တင်သွင်းလာသော မော်တော်ယာဉ်များသည် ရန်ကုန်ဆိမ်ကမ်းသို့ ရောက်ရှိပြီး ပိုင်ရှင်မှ ထုတ်ယူသောအခါ မူလက ပါဝင်ခဲ့သော ကားအတွင်းပိုင်းပစ္စည်းများ ခိုးယူခံနေရခြင်းသည် မည်သူ့တွင် တာဝန်ရှိသည်ကို သိရှိလိုပါကြောင်းနှင့်
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကားပစ္စည်းအခွန်လွတ်ဈေး၌ ရောင်းချနေသော မော်တော်ယာဉ်အပိုပစ္စည်းများ၏ ၉၀ 
ရာခိုင်နှုန်းသည် နယ်စပ်မှ မှောင်ခိုတင်သွင်းလာခြင်း မဟုတ်ဘဲ ဆိပ်ကမ်းမှ ခိုးယူလာသော ပစ္စည်းများ ဖြစ်နေကြောင်း သိရှိရပြီး ထိုကဲ့သို့ ခိုးယူမှုပပျောက်အောင် ဆောင်ရွက်မည့် အစီအစဉ်ကို သိရှိလိုသည့် မေးခွန်းအပေါ် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဟန်စိန်က ရှင်းလင်းဖြေကြားခဲ့သည်။
ဒုတိယ၀န်ကြီးက တာမွေမြို့နယ်ရှိ အခွန်လွတ်ဈေး၌ ရောင်းချနေသော မော်တော်ယာဉ် အပိုပစ္စည်းများ၏ ၉၀ ရာခိုင်နှုန်းသည်
 နယ်စပ်မှ မှောင်ခိုတင်သွင်းလာခြင်း မဟုတ်ဘဲ ဆိပ်ကမ်းမှ ခိုးယူသောပစ္စည်းများ ဖြစ်သည်ဟု ယေဘုယျ ပြောဆိုယုံမျှဖြင့်
 မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူ၍ မရပါကြောင်း၊ နစ်နာသူများအနေဖြင့် မိမိတို့၏ ပစ္စည်းများ လျော့နည်းပျောက်ဆုံးမှု
ရှိပါက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နှင့် သက်ဆိုင်ရာ ရဲစခန်းများသို့ သတင်းပေးတိုင်ကြားရန် လိုအပ်ပါကြောင်း၊ 
နစ်နာသူများမှ တိုင်ကြားလာပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် တည်ဆဲဥပဒေများနှင့်အညီ စစ်ဆေး 
အရေးယူဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်။
သက်ဆိုင်ရာ ဆိပ်ကမ်းများ၊ သင်္ဘောလိုင်းများအနေဖြင့် မော်တော်ယာဉ်ပါ ပစ္စည်းများပျက်စီး၊ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ တာဝန်ရှိမှုအလိုက် တာဝန်ယူဖြေရှင်းပေးနေသကဲ့သို့ ထုတ်ယူသည့် Agent များကလည်း မော်တော်ယာဉ်ကို ထုတ်ယူရာတွင် Inspection Sheet နှင့် တိုက်ဆိုင်စစ်ဆေးပြီးမှ ထုတ်ယူရန် လိုအပ်ပါကြောင်၊ မိမိတို့ တာဝန်ယူ ထုတ်ယူပြီးသည့်
 မော်တော်ယာဉ်အား ပိုင်ရှင်လက်ဝယ်သို့ ပေးအပ်သည့်အချိန်အထိ ထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် မော်တော်ယာဉ်ပါ ပစ္စည်းများ လျော့နည်းပျောက်ဆုံးမှု မဖြစ်စေရေးအတွက် အထူးဂရုပြု ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါကြောင်း။
Agent များအနေဖြင့် လုပ်ငန်းလက်ခံဆောင်ရွက်ရာတွင် မိမိတို့ ဆောင်ရွက်နိုင်သည့် ပမာဏထက် ကျော်လွန်ပြီး 
လက်ခံဆောင်ရွက်ခဲ့ခြင်းကြောင့် ဆိပ်ကမ်းမှ လွှဲပြောင်းလက်ခံပြီးနောက် ပိုင်ရှင်ထံ မအပ်နှံမီ ကာလအတွင်း မော်တော်ယာဉ်များအား ပေါ့လျော့စွာ ရပ်နားထားခြင်း၊ ဆိပ်ကမ်းပြင်ပတွင် မေ့လျော့ကျန်ခဲ့ခြင်း ဖြစ်စဉ်များ သိရှိရပါကြောင်း။
သို့ဖြစ်ပါ၍ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် မော်တော်ယာဉ်ပါ ပစ္စည်းများ လျော့နည်းပျောက်ဆုံးမှု မဖြစ်ပေါ်စေရေးအတွက် လိုအပ်သည့် ညွှန်ကြားချက်များ ထုတ်ပြန်၍ ကြပ်မတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊
သင်္ဘောလိုင်းများ၊ ဆိပ်ကမ်းတံတားများမှလည်း တာဝန်ယူဖြေရှင်းပေးလျက်ရှိပြီး မော်တော်ယာဉ်တင်သွင်းသူများ အနေဖြင့်
 မော်တော်ယာဉ်များ ထုတ်ယူချိန်တွင် ပစ္စည်းလျော့နည်းနေပါက အထောက်အထားများဖြင့် တင်ပြတောင်းခံနိုင်ပါကြောင်း
 ဖြေကြားခဲ့သည်။

Ref: The Mirror




Friday, July 10, 2015

ကမ္ဘာကျော် လီဒိုလမ်းမကြီး



လီဒိုလမ်းမကြီးကို ၁၉၄၂၊ ဒီဇင်ဘာ ၁ ရက်နေ့တွင် စတင်ဖောက်လုပ်သည်။ ၁၉၄၃၊ အောက်တိုဘာလတွင် အမေရိကန် အင်ဂျင်နီယာတပ်မှ 
ဗိုလ်မှူးချုပ်လူးဝစ်အေပစ် ခေါင်းဆောင်ကွပ်ကဲကာ တပ်မတော်သား အရပ်သားများ ပူးပေါင်း ဖောက်လုပ်ခဲ့ကြသည်။ ဤလမ်းသည် အမေရိကန်ဒေါ်လာ ၃၇ သန်းကုန်ကျပြီး ၁၉၄၅ ခု ဇန်န၀ါရီလတွင် ပြီးစီးသည်။ လီဒိုရွာကလေးမှ နေ၍ မြန်မာနိုင်ငံအတွင်းသို့ ပတ်ကွိုင်တောင်တန်းကို
 ဖြတ်၍ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်မြို့သို့တိုင် ပေါက်ရောက်သည်။ ထိုမှ တရုတ်မြန်မာ လမ်းမကြီးနှင့် ဆက်စပ်သွားသော လမ်းဖြစ်သည်။ လီဒိုရွာမှ နေ၍ ဖောက်လုပ်သောကြောင့် လီဒိုလမ်းမကြီးဟု ခေါ်တွင်ခဲ့သည်။
ဤလမ်းမကြီးသည် အကျယ်ပေ ၃၀ ရှိ၍ မိုင် ၁၀၃၀ ရှည်ပြီး တံတားပေါင်း ၇၀၀ ရှိသည်။ တောတောင်မြစ်ချောင်းများကြား ခက်ခက်ခဲခဲ ဖောက်လုပ်ခဲ့ရာ ငှက်ဖျားဒဏ်၊ ရာသီဥတုဒဏ်နှင့် ရန်သူဂျပန်တို့၏ လက်ချက်ကြောင့် လူပေါင်း ၁၀၀၀ ခန့်မျှ သေဆုံးခဲ့သည်။
လီဒိုလမ်းမကြီးကို ဖောက်လုပ်ရခြင်း အကြောင်းမှာ ဒုတိယကမ္ဘာစစ်အတွင်း အိန္ဒိယမှ တရုတ်ပြည်သို့ အရေးကြီးသည့် စစ်ကိရိယာ ပစ္စည်းများ သယ်ပို့နိုင်ရန် ဖြစ်သည်။ ဤလမ်းမကြီး ဖောက်လုပ်ရန် အကြံပေးသူ အမေရိကန် ဗိုလ်ချုပ်ကြီး ဂျိုးဇက် စတီးဝဲလ်ကို အကြောင်းပြု၍ လီဒိုလမ်းကို စတီးဝဲလ်လမ်းဟုလည်း ခေါ်ဝေါ်ခဲ့သည်။
ယခုအခါ ဤလီဒိုလမ်းမကြီးမှာ တိမ်ကောလျက် ရှိလေပြီ။

Ref: မျိုးညွှန့် ( ရန်ကုန်တက္ကသိုလ် )



Myanmar Highways Recent Posts

Recent Posts Widget