Tuesday, June 16, 2015

BMW အရောင်းပြခန်း လေးလအတွင်း ကားအစီးရေ ၁၃၀ ရောင်းချနိုင်ခဲ့ဟုဆို


ပြီးခဲ့သည့်နှစ်က ရန်ကုန် မြို့တွင် စတင်ဖွင့်လှစ်ခဲ့သည့် BMW ကား အရောင်းပြခန်း မှ လေးလအတွင်း မော်ဒယ်မြင့် အစီး ရေ ၁၃၀ ရောင်းချနိုင်ခဲ့ကြောင်း Prestige Automobile
ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးချမ်းမြက ပြောသည်။
BMW အမျိုးအစားများ ဖြစ်သည့် 5 series, 7 series, 3 series တို့မှ အများဆုံးရောင်းချ နိုင်ခဲ့ပြီး X မော်ဒယ်တွင် x5, x3 တို့မှ အများဆုံး ရောင်းချနိုင်ခဲ့ သည်ဟု ဦးချမ်းမြက ပြောသည်။
တန်ဖိုးအားဖြင့် ကျပ်သိန်း ၆၀၀ မှ သိန်း ၃,၀၀၀ အထိရှိ သည့် BMW ကားများ၏ ရောင်းအားမှာ
ယင်းနှင့် မရှေးမနှောင်း တွင် ရန်ကုန်၌ ဖွင့်လှစ်ခဲ့သည့် အခြားကမ္ဘာကျော် ကားအရောင်း ပြခန်းများ၏ ရောင်းအားကို မကြာမီတွင် လိုက်မီလာဖွယ်ရှိသည်။
ရန်ကုန်မြို့တွင် ဖွင့်လှစ် ထားသည့် Brand New ကား အရောင်းပြခန်းများ အနေဖြင့် တစ်လလျှင် အနည်းဆုံး အစီးရေ ၂၀ မှ ၃၀ ဝန်းကျင်ရောင်းချနေရ ပြီး တစ်နှစ်လျှင် အနည်းဆုံးအစီး ရေ
၂၀၀ မှ ၃၀၀ အတွင်း ရောင်း ချနေရကာ ဈေးကွက်လေ့လာနေ ကြသည်ဟု Brand New ကား အရောင်းပြခန်းများက အသီးသီး သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် နိုင်ငံခြားငွေလဲနှုန်း မြင့်တက်နေသဖြင့် အရောင်းပြခန်း အများစုမှာ ကား
တစ်စီးချင်းစီ၏ ပုံမှန်တန်ဖိုးထက် မြှင့်တင် ရောင်းချနေရကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ကမ္ဘာကျော် နာမည်ကြီးကားအရောင်းပြခန်း များ ဆက်တိုက် ဖွင့်လှစ်နေချိန်၌
 ၁၄ ခုမြောက် အရောင်းပြခန်း အဖြစ် BMW က ရန်ကုန်မြို့ ကမာရွတ်မြို့နယ် နာနတ်တော လမ်းနှင့် ပြည်လမ်းထောင့်တွင် ၂၀၁၄ နိုဝင်ဘာ ၁၅ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။
BMW ကားများကို မြန်မာ နိုင်ငံတွင် တရားဝင်ရောင်း ချဖြန့် ဖြူးခွင့်အဖြစ် Prestige Auto-mobile ကုမ္ပဏီက ရရှိပြီး အဆိုပါ ကုမ္ပဏီမှာ လက်ရှိတွင် ပြည်တွင်း ၌ အဝေးပြေးကားဈေးကွက်တွင် Scania ကား များ ဖြန့်ဖြူးနေ သည့် အောင်တံခွန် အင်တာနေ ရှင်နယ် ကုမ္ပဏီနှင့် ညီနောင် ကုမ္ပဏီဖြစ်သည်။
ရန်ကုန်တွင် ဂျာမနီ၊ အမေရိကန်၊ ဂျပန်၊ ကိုရီးယား အစရှိသော Brand New အရောင်းပြ ခန်း
၁၅ ခုဖွင့်လှစ်ထားပြီး ဂျပန် တစ်ပတ်ရစ်ကား ဈေးကွက်နှင့် အပြိုင်ဈေးကွက်ဝေစုကို ယှဉ်ပြိုင်လျက်ရှိသည်။

Source 7Days News

No comments:

Post a Comment

Welcome to Myanmar Highways
https://www.facebook.com/myanmarhighways

Myanmar Highways Recent Posts

Recent Posts Widget