ရန်ကုန်မြို့ အများပြည်သူ သွားလာမှု အဆင်ပြေချောမွေ့ စေရေးနှင့် အများပြည်သူ ယုံကြည်
အားထားရသည့် ဘတ်စ်ကားစနစ်အတွက် ရည်ရွယ်၍ ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီကို
နိုင်ငံတော်၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်မှု {Public-Private-Partnership-(PPP)}
ပုံစံဖြင့် အများပိုင် ကုမ္ပဏီကို စတင်ဖွဲ့စည်း ဆောင်ရွက် မည်ဖြစ်သည်။
နိုင်ငံတော်နှင့် ပုဂ္ဂလိက ပါဝင်မှုကို ၄ဝး ၆ဝ အချိုးဖြင့် စတင်မည်ဖြစ်ပြီး ပထမ အဆင့် (Phase I)
အနေဖြင့် ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းတို့တွင် အမြန်ဘတ်စ်ကား စနစ် (အပေါ့စား)
BRT (Lite) ကို အကောင်အထည်ဖော် မည်ဖြစ်သည်။ ရန်ကုန် ဘတ်စ်ကား အများပိုင်ကုမ္ပဏီ
ထူထောင်ရေး စိတ်ဝင်စားသူ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ လက်ရှိ ဘတ်စ် ကား ပြေးဆွဲနေသူများနှင့်
ပြည်သူများအား ပူးပေါင်း ပါဝင် ဆောင်ရွက်ကြရန် ဖိတ်ခေါ်ထားကြောင်း နှင့်အသေးစိတ်
အချက်အလက်များနှင့် စိတ်ဝင်စားသူများ ဖုန်းနံပါတ်- ဝ၁- ၃၇၈၇၉၈ နှင့် ဝ၉-၂၅ဝ၁၉၁၄၅၃
တို့သို့ အသေးစိတ် မေးမြန်းစုံစမ်း နိုင်ပါကြောင်း သတင်း ရရှိသည်။
Source: Myawady

No comments:
Post a Comment
Welcome to Myanmar Highways
https://www.facebook.com/myanmarhighways