![]() |
| Photo : မောင်ကျော်(ကော့ကရိတ်) |
ဇွန် ၂၆
ဒေါနတောင်ကို ပတ်၍
ဖောက်လုပ်ထားသော ကော့ကရိတ်-မြဝတီ လမ်းသစ်တွင် ဇွန် ၂၆ ရက် နံနက် ၅ နာရီအချိန်ခန့်က
လမ်းတစ်ဖက်တစ်ချက်ရှိ တောင်နံ ရံများမှ မြေပြိုကျမှုကြောင့် ကားလမ်း ပိတ်ဆို့မှု
ဖြစ်ပွားခဲ့ကာ ကားစီးရေ ရာကျော် ခေတ္တလမ်းပိတ်မိခဲ့ကြောင်း အဆိုပါ ကော့ကရိတ်-မြဝတီ
လမ်းသစ် အာရှလမ်း ဖောက်လုပ်ရေးစီမံကိန်း တာဝန်ရှိသူများထံမှ သိရသည်။
''မြေပြိုတာက
ကော့ကရိတ်က နေ ၁၀ မိုင်လောက်ဝေးတဲ့ လမ်းပိုင်းနေရာမှာ ဖြစ်တာပါ။ ဖြစ်ဖြစ်ချင်းပဲ
တာဝန်ရှိသူတွေကိုအကြောင်းကြားပြီး စက်ယန္တရားတွေနဲ့ လမ်းပေါ်ပိတ် ဆို့နေတဲ့
မြေစိုင်တုံးတွေကို ဖယ်ထုတ် ခဲ့ပါတယ်။ တောင်ကျရေ ကျဆင်း တာများတဲ့အတွက် တောင်နံရံ
မြေ သားပျော့ပြီး ပြိုကျတာပါ၊ ဒီရက်ပိုင်း မိုးဆက်တိုက်ရွာတဲ့ သုံးရက်လောက် အတွင်းမှာ
အခုလိုမြေပြိုကျတာဖြစ် သွားတယ်'' ဟု အာရှလမ်းဖောက် လုပ်ရေးစီမံကိန်းမှ
တာဝန်ရှိသူတစ် ဦးက ပြောသည်။
လမ်းပိတ်ဆို့မှုကြောင့်
ကားစီး ရေ ရာကျော်ခန့် ခေတ္တစောင့်ဆိုင်းခဲ့ ရပြီး လမ်းတာဝန်ရှိသူများက လမ်း
အမြန်ဆုံးပြန်လည်အသုံးပြု၍ရရန် ဆောင်ရွက် နိုင်ခဲ့သဖြင့် ဇွန် ၂၆ ရက် နံနက် ၁၁
နာရီ ၁၅ မိနစ်ခန့်တွင် လမ်းပြန် ပွင့်သွားကာ ကားများထွက်ခွာနိုင်ခဲ့ကြောင်း
သိရသည်။
''လမ်းသစ်က ဖွင့်တာမကြာ
သေးဘူး။ အခုလို မြေပြိုတာတွေစ ဖြစ်တော့ မိုးတွင်းမှာ သွားလာရတာ
တော်တော်သတိထားရမယ်။ မိုးက နောက်ထပ် အများကြီးဆက်ရွာနိုင် သေးတဲ့အတွက် မြေပြိုတာတွေက
ဆက်ဖြစ်နိုင်တယ်။ ယာဉ်မောင်းတွေ သတိရှိသင့်ပါတယ်'' ဟု ကော့ကရိတ်မြို့မှ မြဝတီသို့
ပစ္စည်းများသယ်ယူပို့ ဆောင်ပေးနေသော ယာဉ်မောင်းတစ်ဦးက ပြောသည်။
ယခု မြေပြိုမှုဖြစ်ပေါ်ခဲ့သော
အာရှလမ်း၏ တစ်စိတ်တစ်ဒေသဖြစ် သည့် ကော့ကရိတ်-မြဝတီလမ်းသည် ယခင်လမ်းဟောင်းထက်
လမ်းကောင်း မွန်ခြင်း၊ ခရီးတိုတောင်းခြင်းကြောင့် ယခုနောက်ပိုင်းတွင်
ယာဉ်များပြောင်း လဲအသုံးပြုလာသော နိုင်ငံတကာအ ဆင့်မီ လမ်းတစ်လမ်းဖြစ်ပြီး လမ်းအ
သုံးပြုခကောက်ခံရေးဂိတ် ခုနစ်ခုခန့် ရှိကြောင်းသိရသည်။
Source: Decemoracy today

No comments:
Post a Comment
Welcome to Myanmar Highways
https://www.facebook.com/myanmarhighways