မကွေးတိုင်းဒေသကြီး
မဲဆန္ဒနယ် အမှတ် ( ၁၂ ) မှ ဦးလှဆွေ၏ နိုင်ငံခြားမှ တရားဝင် အခွန်ပေးဆောင်၍ တင်သွင်းလာသော
မော်တော်ယာဉ်များသည် ရန်ကုန်ဆိမ်ကမ်းသို့ ရောက်ရှိပြီး ပိုင်ရှင်မှ ထုတ်ယူသောအခါ မူလက
ပါဝင်ခဲ့သော ကားအတွင်းပိုင်းပစ္စည်းများ ခိုးယူခံနေရခြင်းသည် မည်သူ့တွင် တာဝန်ရှိသည်ကို
သိရှိလိုပါကြောင်းနှင့်
ရန်ကုန်တိုင်းဒေသကြီး
တာမွေမြို့နယ် ကားပစ္စည်းအခွန်လွတ်ဈေး၌ ရောင်းချနေသော မော်တော်ယာဉ်အပိုပစ္စည်းများ၏
၉၀
ရာခိုင်နှုန်းသည် နယ်စပ်မှ မှောင်ခိုတင်သွင်းလာခြင်း မဟုတ်ဘဲ ဆိပ်ကမ်းမှ ခိုးယူလာသော
ပစ္စည်းများ ဖြစ်နေကြောင်း သိရှိရပြီး ထိုကဲ့သို့ ခိုးယူမှုပပျောက်အောင် ဆောင်ရွက်မည့်
အစီအစဉ်ကို သိရှိလိုသည့် မေးခွန်းအပေါ် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဟန်စိန်က
ရှင်းလင်းဖြေကြားခဲ့သည်။
ဒုတိယ၀န်ကြီးက
တာမွေမြို့နယ်ရှိ အခွန်လွတ်ဈေး၌ ရောင်းချနေသော မော်တော်ယာဉ် အပိုပစ္စည်းများ၏ ၉၀ ရာခိုင်နှုန်းသည်
နယ်စပ်မှ မှောင်ခိုတင်သွင်းလာခြင်း မဟုတ်ဘဲ ဆိပ်ကမ်းမှ ခိုးယူသောပစ္စည်းများ ဖြစ်သည်ဟု
ယေဘုယျ ပြောဆိုယုံမျှဖြင့်
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူ၍ မရပါကြောင်း၊ နစ်နာသူများအနေဖြင့်
မိမိတို့၏ ပစ္စည်းများ လျော့နည်းပျောက်ဆုံးမှု
ရှိပါက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နှင့်
သက်ဆိုင်ရာ ရဲစခန်းများသို့ သတင်းပေးတိုင်ကြားရန် လိုအပ်ပါကြောင်း၊
နစ်နာသူများမှ တိုင်ကြားလာပါက
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် တည်ဆဲဥပဒေများနှင့်အညီ စစ်ဆေး
အရေးယူဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်။
သက်ဆိုင်ရာ
ဆိပ်ကမ်းများ၊ သင်္ဘောလိုင်းများအနေဖြင့် မော်တော်ယာဉ်ပါ ပစ္စည်းများပျက်စီး၊ ပျောက်ဆုံးမှုနှင့်
ပတ်သက်၍ တာဝန်ရှိမှုအလိုက် တာဝန်ယူဖြေရှင်းပေးနေသကဲ့သို့ ထုတ်ယူသည့် Agent များကလည်း
မော်တော်ယာဉ်ကို ထုတ်ယူရာတွင် Inspection Sheet နှင့် တိုက်ဆိုင်စစ်ဆေးပြီးမှ ထုတ်ယူရန်
လိုအပ်ပါကြောင်၊ မိမိတို့ တာဝန်ယူ ထုတ်ယူပြီးသည့်
မော်တော်ယာဉ်အား ပိုင်ရှင်လက်ဝယ်သို့
ပေးအပ်သည့်အချိန်အထိ ထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် မော်တော်ယာဉ်ပါ ပစ္စည်းများ လျော့နည်းပျောက်ဆုံးမှု
မဖြစ်စေရေးအတွက် အထူးဂရုပြု ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါကြောင်း။
Agent
များအနေဖြင့် လုပ်ငန်းလက်ခံဆောင်ရွက်ရာတွင် မိမိတို့ ဆောင်ရွက်နိုင်သည့် ပမာဏထက် ကျော်လွန်ပြီး
လက်ခံဆောင်ရွက်ခဲ့ခြင်းကြောင့် ဆိပ်ကမ်းမှ လွှဲပြောင်းလက်ခံပြီးနောက် ပိုင်ရှင်ထံ မအပ်နှံမီ
ကာလအတွင်း မော်တော်ယာဉ်များအား ပေါ့လျော့စွာ ရပ်နားထားခြင်း၊ ဆိပ်ကမ်းပြင်ပတွင် မေ့လျော့ကျန်ခဲ့ခြင်း
ဖြစ်စဉ်များ သိရှိရပါကြောင်း။
သို့ဖြစ်ပါ၍
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် မော်တော်ယာဉ်ပါ ပစ္စည်းများ လျော့နည်းပျောက်ဆုံးမှု
မဖြစ်ပေါ်စေရေးအတွက် လိုအပ်သည့် ညွှန်ကြားချက်များ ထုတ်ပြန်၍ ကြပ်မတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊
သင်္ဘောလိုင်းများ၊
ဆိပ်ကမ်းတံတားများမှလည်း တာဝန်ယူဖြေရှင်းပေးလျက်ရှိပြီး မော်တော်ယာဉ်တင်သွင်းသူများ
အနေဖြင့်
မော်တော်ယာဉ်များ ထုတ်ယူချိန်တွင် ပစ္စည်းလျော့နည်းနေပါက အထောက်အထားများဖြင့်
တင်ပြတောင်းခံနိုင်ပါကြောင်း
ဖြေကြားခဲ့သည်။
Ref:
The Mirror
No comments:
Post a Comment
Welcome to Myanmar Highways
https://www.facebook.com/myanmarhighways