Tuesday, July 14, 2015

အညာမြေ ခရီးသွားလာမှု ပုံရိပ်တစ်ခု


အညာမြေဘက်က နယ်သဘာဝ ကားနဲ့ခရီးသွားလာမှု ပုံရိပ်လေးတစ်ခု တင်ပေးဖြစ်ပါတယ်။

အညာမြေဘက်က နယ်သဘာဝ ကားနဲ့ခရီးသွားလာမှု ပုံရိပ်လေးတစ်ခု တင်ပေးဖြစ်ပါတယ်။ေ ကျးလက်နဲ့ 
တိုက်နယ်မြို့လေးတွေနဲ့ မြန်မာပြည်မြို့ကြီးအချို့မှာ ခရီးသွားလာမှုအတွက် အထောက်အကူပြု ပြေးဆွဲခဲ့ကြတဲ့
ဟိုင်းလက် ယာဉ်ငယ်လေးတွေပါ။ 

ယခုအချိန်မှာလည်း အချို့နယ်တွေမှာပြေးဆွဲနေကြပါသေးတယ်။ နယ်သူနယ်သားတွေ အများစု သွားလာ စီးနင်းဖူးကြမယ်
ထင်ပါတယ်။ ၁၀ မိုင်၊ ၁၅ မိုင်၊ မိုင် ၂၀၊ ၃၀ ၀န်းကျင် ပြေးဆွဲရတဲ့ ခေါက်တိုခရီးတွေမှာတော့အသုံးဝင်တဲ့ ဟိုင်းလက်
ယာဉ်တွေပါပဲ။ အကြမ်းခံ၊ ကုန်တင်၊ လူတင် သုံးလို့ရကြလို့ ကားလေး ခရီးသည်ပြေးဆွဲတဲ့ ကားအုံနာတွေ 
အသုံးများခဲ့ကြပါတယ်။ အတက်အဆင်း လွယ်ကူပြီး ကုန်တင်ကုန်ချ တစ်နိုင်တစ်ပိုင် ၀န်တွေကိုလည်း သယ်ယူ
ပို့ဆောင်နိုင်လို့ ဒိုင်နာတွေ အသုံးမများခင် တစ်ချိန်က ခရီးတို ပြေးဆွဲမှုမှာ ပွဲတိုင်းကျော်တွေပါပဲ။

မော်တော်ယာဉ်သစ်တွေ ၀င်ရောက်လာမှုနဲ့အတူ ယာဉ် အစားထိုးပြေးဆွဲမှုတွေလည်း များလာတဲ့နောက်ပိုင်းမှာတော့ 
အတွေ့ရ နည်းလာပါပြီ။


မော်တော်ယာဉ်များ ထုတ်ယူချိန်တွင် ပစ္စည်းလျော့နည်းနေပါက အထောက်အထားများဖြင့် တင်ပြတောင်းခံနိုင်



မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ( ၁၂ ) မှ ဦးလှဆွေ၏ နိုင်ငံခြားမှ တရားဝင် အခွန်ပေးဆောင်၍ တင်သွင်းလာသော မော်တော်ယာဉ်များသည် ရန်ကုန်ဆိမ်ကမ်းသို့ ရောက်ရှိပြီး ပိုင်ရှင်မှ ထုတ်ယူသောအခါ မူလက ပါဝင်ခဲ့သော ကားအတွင်းပိုင်းပစ္စည်းများ ခိုးယူခံနေရခြင်းသည် မည်သူ့တွင် တာဝန်ရှိသည်ကို သိရှိလိုပါကြောင်းနှင့်
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကားပစ္စည်းအခွန်လွတ်ဈေး၌ ရောင်းချနေသော မော်တော်ယာဉ်အပိုပစ္စည်းများ၏ ၉၀ 
ရာခိုင်နှုန်းသည် နယ်စပ်မှ မှောင်ခိုတင်သွင်းလာခြင်း မဟုတ်ဘဲ ဆိပ်ကမ်းမှ ခိုးယူလာသော ပစ္စည်းများ ဖြစ်နေကြောင်း သိရှိရပြီး ထိုကဲ့သို့ ခိုးယူမှုပပျောက်အောင် ဆောင်ရွက်မည့် အစီအစဉ်ကို သိရှိလိုသည့် မေးခွန်းအပေါ် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဟန်စိန်က ရှင်းလင်းဖြေကြားခဲ့သည်။
ဒုတိယ၀န်ကြီးက တာမွေမြို့နယ်ရှိ အခွန်လွတ်ဈေး၌ ရောင်းချနေသော မော်တော်ယာဉ် အပိုပစ္စည်းများ၏ ၉၀ ရာခိုင်နှုန်းသည်
 နယ်စပ်မှ မှောင်ခိုတင်သွင်းလာခြင်း မဟုတ်ဘဲ ဆိပ်ကမ်းမှ ခိုးယူသောပစ္စည်းများ ဖြစ်သည်ဟု ယေဘုယျ ပြောဆိုယုံမျှဖြင့်
 မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူ၍ မရပါကြောင်း၊ နစ်နာသူများအနေဖြင့် မိမိတို့၏ ပစ္စည်းများ လျော့နည်းပျောက်ဆုံးမှု
ရှိပါက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နှင့် သက်ဆိုင်ရာ ရဲစခန်းများသို့ သတင်းပေးတိုင်ကြားရန် လိုအပ်ပါကြောင်း၊ 
နစ်နာသူများမှ တိုင်ကြားလာပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် တည်ဆဲဥပဒေများနှင့်အညီ စစ်ဆေး 
အရေးယူဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်။
သက်ဆိုင်ရာ ဆိပ်ကမ်းများ၊ သင်္ဘောလိုင်းများအနေဖြင့် မော်တော်ယာဉ်ပါ ပစ္စည်းများပျက်စီး၊ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ တာဝန်ရှိမှုအလိုက် တာဝန်ယူဖြေရှင်းပေးနေသကဲ့သို့ ထုတ်ယူသည့် Agent များကလည်း မော်တော်ယာဉ်ကို ထုတ်ယူရာတွင် Inspection Sheet နှင့် တိုက်ဆိုင်စစ်ဆေးပြီးမှ ထုတ်ယူရန် လိုအပ်ပါကြောင်၊ မိမိတို့ တာဝန်ယူ ထုတ်ယူပြီးသည့်
 မော်တော်ယာဉ်အား ပိုင်ရှင်လက်ဝယ်သို့ ပေးအပ်သည့်အချိန်အထိ ထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် မော်တော်ယာဉ်ပါ ပစ္စည်းများ လျော့နည်းပျောက်ဆုံးမှု မဖြစ်စေရေးအတွက် အထူးဂရုပြု ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါကြောင်း။
Agent များအနေဖြင့် လုပ်ငန်းလက်ခံဆောင်ရွက်ရာတွင် မိမိတို့ ဆောင်ရွက်နိုင်သည့် ပမာဏထက် ကျော်လွန်ပြီး 
လက်ခံဆောင်ရွက်ခဲ့ခြင်းကြောင့် ဆိပ်ကမ်းမှ လွှဲပြောင်းလက်ခံပြီးနောက် ပိုင်ရှင်ထံ မအပ်နှံမီ ကာလအတွင်း မော်တော်ယာဉ်များအား ပေါ့လျော့စွာ ရပ်နားထားခြင်း၊ ဆိပ်ကမ်းပြင်ပတွင် မေ့လျော့ကျန်ခဲ့ခြင်း ဖြစ်စဉ်များ သိရှိရပါကြောင်း။
သို့ဖြစ်ပါ၍ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် မော်တော်ယာဉ်ပါ ပစ္စည်းများ လျော့နည်းပျောက်ဆုံးမှု မဖြစ်ပေါ်စေရေးအတွက် လိုအပ်သည့် ညွှန်ကြားချက်များ ထုတ်ပြန်၍ ကြပ်မတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊
သင်္ဘောလိုင်းများ၊ ဆိပ်ကမ်းတံတားများမှလည်း တာဝန်ယူဖြေရှင်းပေးလျက်ရှိပြီး မော်တော်ယာဉ်တင်သွင်းသူများ အနေဖြင့်
 မော်တော်ယာဉ်များ ထုတ်ယူချိန်တွင် ပစ္စည်းလျော့နည်းနေပါက အထောက်အထားများဖြင့် တင်ပြတောင်းခံနိုင်ပါကြောင်း
 ဖြေကြားခဲ့သည်။

Ref: The Mirror




Friday, July 10, 2015

ကမ္ဘာကျော် လီဒိုလမ်းမကြီး



လီဒိုလမ်းမကြီးကို ၁၉၄၂၊ ဒီဇင်ဘာ ၁ ရက်နေ့တွင် စတင်ဖောက်လုပ်သည်။ ၁၉၄၃၊ အောက်တိုဘာလတွင် အမေရိကန် အင်ဂျင်နီယာတပ်မှ 
ဗိုလ်မှူးချုပ်လူးဝစ်အေပစ် ခေါင်းဆောင်ကွပ်ကဲကာ တပ်မတော်သား အရပ်သားများ ပူးပေါင်း ဖောက်လုပ်ခဲ့ကြသည်။ ဤလမ်းသည် အမေရိကန်ဒေါ်လာ ၃၇ သန်းကုန်ကျပြီး ၁၉၄၅ ခု ဇန်န၀ါရီလတွင် ပြီးစီးသည်။ လီဒိုရွာကလေးမှ နေ၍ မြန်မာနိုင်ငံအတွင်းသို့ ပတ်ကွိုင်တောင်တန်းကို
 ဖြတ်၍ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်မြို့သို့တိုင် ပေါက်ရောက်သည်။ ထိုမှ တရုတ်မြန်မာ လမ်းမကြီးနှင့် ဆက်စပ်သွားသော လမ်းဖြစ်သည်။ လီဒိုရွာမှ နေ၍ ဖောက်လုပ်သောကြောင့် လီဒိုလမ်းမကြီးဟု ခေါ်တွင်ခဲ့သည်။
ဤလမ်းမကြီးသည် အကျယ်ပေ ၃၀ ရှိ၍ မိုင် ၁၀၃၀ ရှည်ပြီး တံတားပေါင်း ၇၀၀ ရှိသည်။ တောတောင်မြစ်ချောင်းများကြား ခက်ခက်ခဲခဲ ဖောက်လုပ်ခဲ့ရာ ငှက်ဖျားဒဏ်၊ ရာသီဥတုဒဏ်နှင့် ရန်သူဂျပန်တို့၏ လက်ချက်ကြောင့် လူပေါင်း ၁၀၀၀ ခန့်မျှ သေဆုံးခဲ့သည်။
လီဒိုလမ်းမကြီးကို ဖောက်လုပ်ရခြင်း အကြောင်းမှာ ဒုတိယကမ္ဘာစစ်အတွင်း အိန္ဒိယမှ တရုတ်ပြည်သို့ အရေးကြီးသည့် စစ်ကိရိယာ ပစ္စည်းများ သယ်ပို့နိုင်ရန် ဖြစ်သည်။ ဤလမ်းမကြီး ဖောက်လုပ်ရန် အကြံပေးသူ အမေရိကန် ဗိုလ်ချုပ်ကြီး ဂျိုးဇက် စတီးဝဲလ်ကို အကြောင်းပြု၍ လီဒိုလမ်းကို စတီးဝဲလ်လမ်းဟုလည်း ခေါ်ဝေါ်ခဲ့သည်။
ယခုအခါ ဤလီဒိုလမ်းမကြီးမှာ တိမ်ကောလျက် ရှိလေပြီ။

Ref: မျိုးညွှန့် ( ရန်ကုန်တက္ကသိုလ် )



Friday, June 26, 2015

မြို့သစ်စီမံကိန်းနောက်တစ်ခါလာပြန်ပြီ



မြေဧကပေါင်း ၁၁၈၇၃၂ ဧကကိုမဟာဗျူဟာမြို့သစ်စီမံကိန်းအတွက် အကောင်အထည်ဖော်မည် ဟူသော
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ အတည်ပြုဆုံးဖြတ်ချက်ကထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါသည်။
မြို့သစ်စီမံကိန်းအတွက် မြို့သစ်စီမံကိန်းတစ်ကျော့ပြန် လှုပ်ခတ်လာပြန်တော့ စီမံကိန်းဧရိယာနှင့် အနီးတ၀ိုက်အတွင်း နေထိုင်ကြသည့် ပြည်သူများနှင့် အိမ်ခြံမြေ စိတ်ဝင်စားသူများအဖို့ မိမိတို့ ဒေသအပေါ် မည်သို့သော နောက်ဆက်တွဲစီမံချက်တွေထပ်မံ ကြားကြရဦးမလဲဆိုတာအာရုံစိုက် နားစွင့်နေကြပြန်ပါပြီ။
၂၀၁၄ ခုနှစ်ကဆွေးနွေးခဲ့သည် မြို့သစ်စီမံကိန်းမှာ ပွင့်လင်းမြင်သာမှုမရှိပဲ အာဏာပိုင်များနှင့် နှီးနွယ်သော အများပိုင်ကုမ္ပဏီ တစ်ခုတည်းမှသာတာဝန်ယူတည်ဆောက်မည်ဆိုခြင်းကြောင့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ရာမှ စီမံကိန်းအားရပ်ဆိုင်းခဲ့ရသည်။
ယခုအခါတွင် မြို့သစ်စီမံကိန်းကို တာဝန်ယူတည်ဆောက်မည့် ကုမ္ပဏီအားအတိအကျထုတ်ဖော်ပြောကြားခြင်း
မရှိသေးပဲ ပြည်ပပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းမြို့တော်ဝန် ဦးလှမြင့်က လွှတ်တော်သို့ ပြောကြားခဲ့သည်။ သန်လျင်၊ ဒလ၊တွံတေး၊ ကြည့်မြင်တိုင်၊ထန်းတပင်၊ မှော်ဘီနှင့် လှည်ကူးနှင့် အခြား မြို့နယ်များတွင် အကောင်အထည်ဖော်တည်ဆောက်မည် ဖြစ်ပြီးစီမံကိန်းစတင်မည့် ကာလကိုလည်းတရားဝင် ထုတ်ဖော်ပြောခြင်းမရှိသေးပေ။ မြို့သစ်တိုးချဲ့မည့် ဧရိယာများအတွင်းရှိ လယ်မြေများအား
သိမ်းယူရာတွင် လယ်သမားများနစ်နာမှုမရှိစေရန် လယ်ယာမြေဥပဒေအတိုင်းလျော်ကြေးငွေပေးဆောင်၍ လုပ်ဆောင်မည် ဖြစ်ကြောင်းရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဇွန်လ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ပြီးလွှတ်တော်၌ လက်ရှိ အတည်ပြုထားသည့် မြို့သစ်စီမံကိန်းများအတွက် လူထုအခြေပြု လူမှုစီးပွားအချက်အလက်များ၊ ပတ်ဝန်းကျင် အနေအထားများ စစ်တမ်းကောက်ယူဦးမည် ဖြစ်ကြောင်းသိရှိရသည်။
မြို့သစ်စီမံကိန်းအားအကောင်အထည်ဖော်ရန်အတွက် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ၌ ထောက်ခံမဲ ၁၀၀ မဲ၊ ကန့်ကွက်မဲ ၁၀ မဲနှင့် ပယ်မဲ ၄ မဲ ဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်ကာမြို့သစ်စီမံကိန်းများအပေါ်တွင် ပြည်သူလူထုအမြင်၌မူ ကန့်ကွက်ဆန္ဒပြမှုများယခုအချိန်အထိ မဖြစ်ပေါ်သေးသည်ကို တွေ့ရှိရပြီး နောက်ဆက်တွဲ ထုတ်ပြန်ချက်များကိုသာ လေ့လာစောင့်ကြည့်လျက် ရှိနေကြသည်။
မြို့တွင်းသွားလာရေးယာဉ်ကြောများကြပ်တည်းလာမှု၊ အိမ်ရာလိုအပ်ချက်တစ်နှစ်ထက် တစ်နှစ်ပိုမိုများပြားလာမှု များကြောင့် မြို့နေလူထုအနေဖြင့် မြို့သစ်စီမံကိန်းအကောင်အထည်ဖော်မှုအပေါ် စိတ်ဝင်စားမှုရှိကြသည်ကို တွေ့ရှိရပြီးရန်ကုန်မြို့ကွက်အနေအထားနှင့် အပြောင်းအလဲဖြစ်လာမည့် အိမ်ယာဈေးကွက်အပေါ် လေ့လာ စောင့်ကြည့်လျက် ရှိနေကြသည်။
မြိုသစ်စီမံကိန်းအကောင်အထည်ဖော်မည့် နေရာများတွင် နေသားတကျ နှစ်ကာလများစွာနေထိုင်လာခဲ့သည့် အချို့ဒေသခံတို့အတွက် ပြောင်းရွှေနေထိုင်ရမှုများအပေါ် ပူပန်မှုအမျိုးမျိုးရှိနေကြသော်လည်းစီမံကိန်းဧရိယာ အနီးတ၀ိုက် နေထိုင်ကြသူများ ကဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်မှု၊ ကျန်းမာရေး၊ ပညာရေးများ လက်ရှိအခြေအနေထက် ပိုမိုတိုးတက်စေလိမ့်မည်ဟုယူဆကြပြီး၊ အချို့မှာလည်းမိမိတို့ ဒေသပတ်ဝန်းကျင်၌ဖြစ်ထွန်းပေါ်ပေါက်လာမည့် မြို့ပြအိမ်ရာဈေးကွက်အပေါ် အကျိုးရလဒ် ရလိုမှုစသည့် အချက်များကြောင့် စီမံကိန်းကိုရှေ့ဆက် ဆက်လက် အကောင်အထည်ဖော်ပေးဖို့အတွက် ဆန္ဒရှိကြကြောင်းသိရှိရပါသည်။


ကော့ကရိတ်-မြဝတီ လမ်းသစ်တွင် မြေပြို၊ကားစီးရေ ရာကျော် ခေတ္တပိတ်မိခဲ့

Photo : မောင်ကျော်(ကော့ကရိတ်)

ဇွန် ၂၆
ဒေါနတောင်ကို ပတ်၍ ဖောက်လုပ်ထားသော ကော့ကရိတ်-မြဝတီ လမ်းသစ်တွင် ဇွန် ၂၆ ရက် နံနက် ၅ နာရီအချိန်ခန့်က လမ်းတစ်ဖက်တစ်ချက်ရှိ တောင်နံ ရံများမှ မြေပြိုကျမှုကြောင့် ကားလမ်း ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကာ ကားစီးရေ ရာကျော် ခေတ္တလမ်းပိတ်မိခဲ့ကြောင်း အဆိုပါ ကော့ကရိတ်-မြဝတီ လမ်းသစ် အာရှလမ်း ဖောက်လုပ်ရေးစီမံကိန်း တာဝန်ရှိသူများထံမှ သိရသည်။
''မြေပြိုတာက ကော့ကရိတ်က နေ ၁၀ မိုင်လောက်ဝေးတဲ့ လမ်းပိုင်းနေရာမှာ ဖြစ်တာပါ။ ဖြစ်ဖြစ်ချင်းပဲ တာဝန်ရှိသူတွေကိုအကြောင်းကြားပြီး စက်ယန္တရားတွေနဲ့ လမ်းပေါ်ပိတ် ဆို့နေတဲ့ မြေစိုင်တုံးတွေကို ဖယ်ထုတ် ခဲ့ပါတယ်။ တောင်ကျရေ ကျဆင်း တာများတဲ့အတွက် တောင်နံရံ မြေ သားပျော့ပြီး ပြိုကျတာပါ၊ ဒီရက်ပိုင်း မိုးဆက်တိုက်ရွာတဲ့ သုံးရက်လောက် အတွင်းမှာ အခုလိုမြေပြိုကျတာဖြစ် သွားတယ်'' ဟု အာရှလမ်းဖောက် လုပ်ရေးစီမံကိန်းမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
လမ်းပိတ်ဆို့မှုကြောင့် ကားစီး ရေ ရာကျော်ခန့် ခေတ္တစောင့်ဆိုင်းခဲ့ ရပြီး လမ်းတာဝန်ရှိသူများက လမ်း အမြန်ဆုံးပြန်လည်အသုံးပြု၍ရရန် ဆောင်ရွက် နိုင်ခဲ့သဖြင့် ဇွန် ၂၆ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် လမ်းပြန် ပွင့်သွားကာ ကားများထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။
''လမ်းသစ်က ဖွင့်တာမကြာ သေးဘူး။ အခုလို မြေပြိုတာတွေစ ဖြစ်တော့ မိုးတွင်းမှာ သွားလာရတာ တော်တော်သတိထားရမယ်။ မိုးက နောက်ထပ် အများကြီးဆက်ရွာနိုင် သေးတဲ့အတွက် မြေပြိုတာတွေက ဆက်ဖြစ်နိုင်တယ်။ ယာဉ်မောင်းတွေ သတိရှိသင့်ပါတယ်'' ဟု ကော့ကရိတ်မြို့မှ မြဝတီသို့ ပစ္စည်းများသယ်ယူပို့ ဆောင်ပေးနေသော ယာဉ်မောင်းတစ်ဦးက ပြောသည်။

ယခု မြေပြိုမှုဖြစ်ပေါ်ခဲ့သော အာရှလမ်း၏ တစ်စိတ်တစ်ဒေသဖြစ် သည့် ကော့ကရိတ်-မြဝတီလမ်းသည် ယခင်လမ်းဟောင်းထက် လမ်းကောင်း မွန်ခြင်း၊ ခရီးတိုတောင်းခြင်းကြောင့် ယခုနောက်ပိုင်းတွင် ယာဉ်များပြောင်း လဲအသုံးပြုလာသော နိုင်ငံတကာအ ဆင့်မီ လမ်းတစ်လမ်းဖြစ်ပြီး လမ်းအ သုံးပြုခကောက်ခံရေးဂိတ် ခုနစ်ခုခန့် ရှိကြောင်းသိရသည်။
Source: Decemoracy today

Wednesday, June 24, 2015

စေတီတော်၊ ပြည်သူနှင့် စီမံကိန်း ဘယ်လိုဆက်သွားမလဲ


ဝေဖန်မှုအမျိုးမျိုးတို့ကြားမှ လူထုစိတ်ဝင်စားနေသော ဒဂုံစီးတီးစီမံကိန်းမှာ ယခုအခါရပ်ဆိုင်းရန်
အခြေအနေ တစ်ခု အထိဖြစ်လာပြီ ဖြစ်သည်။ သမိုင်းဝင်သာသနိက အဆောက်အဦးတို့နှင့် နီးကပ်စွာတည်ရှိခြင်း၊ အောက်ခံမြေကြော၊ ရေကြော ဆက်စပ်မှုတို့နှင့်ပတ်သက်၍ ရွှေတိဂုံစေတီတော်ကြီး ရေရှည်တည်တံနိုင်ရေးအတွက် ထိခိုက်မှုရှိလာနိုင်သည် ဟူသောမြို့ပြနှင့်ဗိသုကာ ပညာရှင်များ ဝေဖန်ထောက်ပြသည့် အဓိကအကြောင်းရပ်တို့ကြောင်း ပြည်သူအများ စိုးရိမ်ပူပန်လျက်ရှိနေသည့်အဆိုပါ စီမံကိန်းမှာ ယခင်စစ်ရုံးချုပ်မြေနေရာအား ပုဂ္ဂလိကသို့ လက်လွှဲရောင်းချခဲ့ရာမှ၁၂ ထပ် အဆင့်မြင့်အိမ်ရာ စီမံကိန်းကို Marga Land Mark Development Company မှအကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကုမ္ပဏီတွင် ဟောင်ကောင်၊ကိုရီးယားနှင့် အင်္ဂလန်နိုင်ငံတို့မှ ရင်းနှီးမြုပ်နှံသူများ ပါဝင်ကြောင်း သိရသည်။ Marga Landmark ကုမ္ပဏီမှ ရှယ်ယာ ၇၀ ရာခိုင်နှုန်းနှင့် ပြည်တွင်းအခြေစိုက် သုခ ရတနာ ကုမ္ပဏီက ၃၀ ရာခိုင်နှုန်းတို့ဖြင့် အကျိုးတူ လုပ်ကိုင်ခြင်း ဖြစ်ပြီး၊ ၂၀၁၄ ခုနှစ် ဇွန်လပိုင်းမှစ၍ အကောင်အထည်ဖော်
 ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (YHT) က ပြောကြားရာတွင် အဆိုပါစီမံကိန်းမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခြားမိတ်ဘက်အဖွဲ့အစည်းများ ကြိုးပမ်းလျက်ရှိသည့် မြေအသုံးချမှုဇုန်များ သတ်မှတ်ခြင်းနှင့်မြို့ပြဆိုင်ရာ ထိန်းချုပ်မှုများနှင့် လိုက်လျောညီထွေ မရှိကြောင်း
ကိုလည်း ပြောကြားခဲ့သည်။
ပြည်သူအများအမြင်၌မူ သာသနာ့နယ်မြေနှင့် နီးကပ်စွာတည်ရှိနေသည်က တစ်ကြောင်း၊အဆင့်မြင့် ၁၂ ထပ် လူနေရပ်ကွက် အဆောက်အဦးများ ဘုရားဝတ်ဝန်းကျင်တွင် တည်ရှိပါကဘုရားကြီး၏ ဂုဏ်ကျက်သရေနှင့် အများပြည်သူ ဖူးမြင်နိုင်မည့် မြင်ကွင်းကို အတိုင်းအတာတစ်ခုအထိ ပိတ်ကွယ်ကာဆီးထားမှု ဖြစ်နေသည်က တစ်ကြောင်းနှင့် ပညာရှင်တို့ထောက်ပြကြသည့် မြေအောက် ရေကြောမြေကြော ပျက်စီးမှုများကြောင့် ဘုရား တည်ရှိနေမှုကို အန္တရာယ် ပေးလာနိုင်မှုတို့ကြောင့် ဝေဖန်ကန့်ကွက်မှုများ ပိုမိုများပြား
လာလျက် ရှိသည်။၂၂ ဧက ကျယ်ဝန်းသော အဆိုပါမြေဧရိယာအား အများပြည်သူနှင့်ဆိုင်သော
 ဘာသာရေးနယ်မြေနှင့် နီးကပ်စွာ တည်ရှိနေသည့် အားလျော်စွာ အမျိုးသားယဉ်ကျေးမှုဆိုင်ရာ၊
ဘာသာရေးဆိုင်ရာ၊ အများပြည်သူ အပန်းဖြေနားနေရာများ အဖြစ်သာ အကောင်အထည်ဖော်
 ဆောင်ရွက်သင့်ကြောင့် လူမှုကွန်ယက်များနှင့် ဘာသာသာသနာမြတ်နိုးသူပြည်သူများမှ ဆန္ဒ
ထုတ်ဖော်ပြောကြားခဲ့ကြသည်။
ထိုကန့်ကွက်မှုများကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ Dagon City စီမံကိန်းအား ယာယီရပ်ဆိုင်းမှုကိုသတင်းထုတ်ပြန်ခဲ့ပြီး စစ်ဆေးညှိုနှိုင်းဆောင်ရွက်ရန် ကော်မတီတစ်ရပ်ကို
ဖွဲ့စည်းခဲ့သည်။
ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအသင်းမှလည်း လူထုသဘောထား ဆန္ဒကောက်ယူမှုများကို ပြုလုပ်ခဲ့ကြကာ ယခု ဇွန်လ တတိယပတ်အတွင်း၌ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဦးဆောင်သော
အဖွဲ့မှ ရွှေတိဂုံ စေတီတော် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့နှင့် အောင်ဆန်းတောရတပ်ဦးကျောင်းတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြရာမှအဆိုပါ Dagon City Project အား ရပ်ဆိုင်းရန် ကတိက၀တ် ရရှိခဲ့ကြသည်။
ဆွေးနွေးညှိုနှိုင်းအဖြေရှာမှုများ ပြုလုပ်လျက်ရှိနေသည့်အားလျော်စွာ ပြည်သူကိုယ်စားပြု အဖွဲ့အစည်းများ အနေဖြင့် ရှေ့ဆက်တိုက်တွန်းလှုံ့ဆောင်သွားနေဦးမည့် အနေအထားရှိနေပြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် နယ်မြေ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ပဋိပက္ခဖြစ်ရပ်များ မဖြစ်ပေါ်စေရန်
ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် အနေအထားရှိနေသည်။ လက်ရှိအခြေအနေအပေါ်တွင်
Dagon City Project တည်ဆောက်ရေး အကောင်အထည်ဖော် တည်ဆောက်ခဲ့ကြသည့် ပုဂ္ဂလိက
လုပ်ငန်းရှင်များ၊ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့၊ အာဏာပိုင်အဖွဲ့အစည်းများနှင့်
အစိုးရ တို့အနေဖြင့်လည်း စီမံကိန်းအပေါ် မည်သို့မည်ပုံ ပြောင်းလဲသတ်မှတ်၍ ဆုံးဖြတ်ချက်ချမည်
ကိုတော့ ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။

Posted By Myanmar Highways

Tuesday, June 23, 2015

တောင်သမန် ကျေးလက်အပန်းဖြေ စီမံကိန်းအတွင်း ရှေးဟောင်းအမွေအနှစ်များ တွေ့ပါက ရပ်ဆိုင်းရမည်

တောင်သမန် ကျေးလက်အပန်းဖြေ စီမံကိန်းအတွင်း ရှေးဟောင်းအမွေအနှစ်များ တွေ့ပါက ရပ်ဆိုင်းရမည် - See more at: http://www.thevoicemyanmar.com/index.php/news/item/7038-ttm#sthash.idu6DWaq.dpuf


တောင်သမန် ကျေးလက်အပန်းဖြေ စီမံကိန်းအတွင်း ရှေးဟောင်းအမွေအနှစ်များ တွေ့ပါက ရပ်ဆိုင်းရမည် - See more at: http://www.thevoicemyanmar.com/index.php/news/item/7038-ttm#sthash.idu6DWaq.dpuf
ကမ္ဘာကျော် ဦးပိန်တံတား၊ ရှေးဟောင်းသမိုင်းဝင်ဘုရားများနှင့် ကိုက်ပေါင်း ၁၉၀၀ အကွာ ရတနာပုံတက္ကသိုလ် ဝန်းကျင်နှင့် မလှမ်းမကမ်းတွင် ဆောက်လုပ်မည့် တောင်သမန် ကျေးလက် အပန်းဖြေစခန်း စီမံကိန်းအတွင်း ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ တွေ့ရှိပါက ယင်းစီမံကိန်းကို ချက်ချင်းရပ်ဆိုင်းထားရန် ညွှန်ကြားထားသည်ဟု မန္တလေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ စီမံကိန်း ဆောင်ရွက်နေသည့် တောင်သမန်ဝန်းကျင် အနောက်ဘက်သည် ကြေးခေတ်ကျောက်ခေတ် ဆိုင်ရာ ပစ္စည်းများ မကြာမကြာ တွေ့ရှိနေရသောကြောင့် ယင်းသို့ ညွှန်ကြားထားခြင်း ဖြစ်ကာ ယင်းစီမံကိန်းကို ရှေးဟောင်းသုတေသန အပါအဝင် ဌာနပေါင်းစုံ စစ်ဆေးပြီးမှ ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
အဆိုပါ စီမံကိန်းအတွင်း ရှေးဟောင်းပစ္စည်း တွေ့ရှိလာပါက သက်ဆိုင်ရာဌာနများသို့ အဆင့်ဆင့် တင်ပြအစီရင်ခံမည် ဖြစ်ပြီး ယင်းစီမံကိန်း ဆက်လက်လုပ်သင့် မလုပ်သင့်ကို ရှေးဟောင်း သုတေသန ဆိုင်ရာ ဥပဒေ စည်းကမ်းများနှင့် အညီသာ ဆုံးဖြတ်မည်ဟု အဆိုပါဌာန တာဝန်ရှိသူများက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ ယင်းစီမံကိန်း တည်ဆောက်ရန် လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် ရရှိထားပြီး စီမံကိန်းဆောင်ရွက်မည့် ဧရိယာအတွင်း ရှေးဟောင်း အဆောက်အအုံနှင့် ရှေးဟောင်း ပစ္စည်းများ တွေ့ရှိပါက တည်ဆဲဥပဒေများ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တောင်သမန်သစ္စာ ကုမ္ပဏီလီမိတက် ရှေ့နေဦးစိုးမြတ်သူ က ပြောကြားသည်။

“ဒီစီမံကိန်းလုပ်တာကို မကန့်ကွက်ပါဘူး။ NGO တစ်ဖွဲ့က ထိုင်းဘုရင့် သင်္ချိုင်းတူးဖော်တုန်းက မြို့တော်စည်ပင်က ပိတ်ပင်လိုက်လို့ ကမ္ဘာလှည့်ခရီးသွားတွေကို ပြသလို့ရမယ့် ယဉ်ကျေးမှု နေရာတစ်ခု ဆုံးရှုံးခဲ့တယ်။ အခု တောင်သမန်စီမံကိန်းကို မြို့တော်စည်ပင်က ဘယ်လိုအာမခံချက်တွေ ပါဝင်တဲ့ ကတိကဝတ်တွေနဲ့ လုပ်ခွင့်ပေးနေလဲ” ဟု စိမ်းရောင်စိုအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ဆိုသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် အကောင်အထည်ဖော်နေသည့် ယင်းစီမံကိန်း သည် တောင်သမန် အလှနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာမည် ဆိုပါက ယင်းစီမံကိန်းကို ပိတ်ပင်သည်အထိ လုပ်ဆောင်သွားမည်ဖြစ်ကာ အဆိုပါ စီမံကိန်း တည်ဆောက်မှုကို အမြဲ မပြတ် စောင့်ကြည့် သွားမည်ဟု အမရပူရမြို့နယ်မှ မြို့တော်စည်ပင် ကော်မတီဝင် အဖြစ် ရွေးချယ်ခြင်း ခံရသော ဦးရဲမွန်က ပြောကြားသည်။
ယင်းတောင်သမန်ကျေးလက် Resort တည်ဆောက်ရေး စီမံကိန်းသည် အမရပူရမြို့နယ် ကွင်းအမှတ် 
၅၉၂ ရှိ ကိုင်းမြေ ဧက ၄၀ ဒသမ ၂၇ ပေါ်တွင် တည်ဆောက်မည် ဖြစ်သည်။
Source: The Voice Weekly 

Coming Home

Monday, June 22, 2015

မန္တလေးခရီးသည်တင် ယာဉ်ကြီးများ နေရာ၌ ယာဉ်ငယ်များ ပြေးဆွဲမှုများပြားလာ


မန္တလေးမြို့ကို အခြေပြုပြီး တိုင်းနှင့်ပြည်နယ်များသို့ ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းဈေးကွက်၌ ယာဉ်ကြီးများ
နေရာတွင် ယာဉ်ငယ်များဖြင့် ပြေးဆွဲမှု ပိုမိုများပြားလာသည်ဟု မန္တလေးတိုင်းဒေသကြီး၊ ယာဉ်လုပ်ငန်းများ
ကြီးကြပ်မှုဗဟိုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခရီးသည်တင်ယာဉ်ကြီးများအနေဖြင့် မိုင် ၂၀၀ ကျော် ကွာဝေးသည့် ခရီးစဉ်ဈေးကွက်၌ ပျောက်ကွယ်နိုင်ခြင်း
မရှိသော်လည်း ခရီးတို မိုင် ၁၀၀ ၀န်းကျင်ခရီးစဉ် ပြေးဆွဲမှုဈေးကွက်၌ ယာဉ်ငယ်များ ပိုမို သုံးစွဲလာကြောင်း 
၎င်းက ပြောသည်။
“ကားကြီးတွေက ခရီးသည် ၃၅၊ ၄၀ လောက်ပြေးမှ  အဆင်ပြေတာပါ။ ကားလေးတွေကတော့ ခရီးသည် 
၁၀ ယောက်လောက်ဆိုရင် သွားလို့ရပါပြီ။ ခရီးသည်တွေဘက်ကလည်း ကားလေးကို ဈေးပိုပေးရပေမယ့် 
အဆင်ပြေတဲ့ အနေအထားမှာ ရှိနေတော့ ခရီးတိုမိုင် ၁၀၀ ၀န်းကျင်ခရီးစဉ်တွေမှာ ကားလေးသုံးစွဲမှု ပိုမို
များပြားလာတာပါ ဟု ၎င်းကပြောသည်။

မန္တလေးဗဟိုပြုပြီး ပြေးဆွဲနေသော ခရီးတိုမိုင် ၁၀၀ ၀န်းကျင်ကားလေးများသည် သက်တောင့်သက်သာရှိပြီး
 မြန်ဆန်မှုနှင့် အိမ်အရောက်ဝန်ဆောင်မှုပေးနိုင်မှုကြောင့် ကားကြီးထက် ဈေးပိုပေးနေသော်လည်း စီးနင်းမှု 
များပြားလာသည်ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။

တက္ကစီများ သီးသန့် ရပ်နားရန် နေရာ သုံးခု ပြီးစီး

 



ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ၌ တက္ကစီကားများ သီးသန့်ရပ်နား ရန် Taxi Stand သုံးခု ပြီးစီးနေ ပြီး ကျန်နေရာများ၌ ဆောင်ရွက် ရန် ဆာဗေးလုပ်ဆောင်မှုများ ရှိ ကြောင်း သိရသည်။
အဆိုပါ Taxi Stand များ ပြုလုပ်ရန် ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီ၊ ယာဉ် ထိန်းရုံးနှင့် မော်တော်ယာဉ် လိုင်း ပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှု ကော်မတီတို့ ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်သည်။
”Taxi Stand လုပ်ဖို့အတွက် မထသအနေနဲ့ ဆာဗေးလုပ်နေ တယ်။ နောက်တစ်ချက်က မြေ နေရာ အခက်အခဲရှိတယ်။ ဆာဗေး လုပ်တဲ့ အခါမှာ ကမ်းနားလမ်း ဘက်ကို ရွေးချယ်ပေမယ့် တက္ကစီ သမားတွေအနေနဲ့ကျတော့ ခရီး သည် မရတဲ့အတွက် အဆင်မပြေ ဘူး။ သူတို့လုပ်ချင်တဲ့ နေရာက ဗဟိုဘဏ်နားမှာ လုပ်ဖို့ ကမ်းလှမ်း ပေမယ့် မြေနေရာအခက်အခဲ ကြောင့် မလုပ်ပေးနိုင်ဘူး။ လက်ရှိ မှာတောင် ဗဟိုဘဏ်နားက လူ သွားလမ်းပေါ်မှာ ရပ်ရတာဖြစ်တဲ့ အတွက် အဆင်မပြေမှုတွေ ရှိတယ်”ဟု မော်တော်ယာဉ်လိုင်း ပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှု (ဗဟို) ကော်မတီ ဥက္ကဋ္ဌ ဦးလှ အောင်က ပြောသည်။
Taxi Stand များ ဆောက် လုပ်ရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ၊ ယာဉ် စည်းကမ်း ထိန်းသိမ်းကြီးကြပ်မှု ကော်မတီနှင့် မထသတို့မှ ဆွေး နွေးမှုထားသော်လည်း မထသ နှင့် ယာဉ်ထိန်းသာ သက်ဆိုင် ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ အင်ဂျင် နီယာ (လမ်းနှင့် တံတား) ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိ လုပ်ဆောင်ပြီးသည့်ွှထေငှအညေိ သုံးခုမှာ ဗိုလ်ချုပ် လမ်းရှိ ရန်ကုန်ဆေးရုံကြီးရှေ့၊ ရွှေတိဂုံဘုရား (မြောက်ဘက်မုခ်) အနီးရှိ သွေးဆေးကန်အနီးနှင့် မြေနီကုန်း ယခင် မှတ်တိုင်ဟောင်း နေရာများအား သတ်မှတ်ထား ကြောင်း သိရသည်။
”ရန်ကုန်မြို့မှာက ယာဉ် ကြောကြပ်တဲ့အတွက် Taxi Stand တွေကတော့ မရှိမဖြစ် လိုတယ်။ တက္ကစီတွေက တွေ့တဲ့နေရာရပ်၊ ဘတ်စ်ကားမှတ်တိုင်လည်း မသိ၊ ခရီးသည်ကလည်း ကြုံတဲ့နေရာ ကနေ ငှားစီးနေတဲ့အတွက် ယာဉ် ကြောတွေ ပိုပြီးပိတ်တယ်” ဟု ၅၁ လမ်းရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ ရုံးမှ ရဲအုပ်ဇော်မျိုးထွန်းက ပြော သည်

Source: The Trade Times 



Myanmar Highways

အမေရိကန်ခရီးသွား အော်ပရေတာအသင်း စစ်တမ်းအရ လည်ပတ်ရန် အကောင်းဆုံး ဒေသစာရင်းတွင် မြန်မာ ၂ နှစ်ဆက်တိုက် ပါဝင်


အမေရိကန်နိုင်ငံရှိ ခရီးသွားလုပ် ငန်း အေဂျင်စီများတွင် ကောက် ယူခဲ့သည့် စစ်တမ်းအရ သွား ရောက်လည်ပတ်ရန် အကောင်း ဆုံးဒေသများ၌ မြန်မာနိုင်ငံသည် ၂ နှစ်ဆက်တိုက် ရပ်တည်နေ ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ် ငန်းရှင်များအသင်းထံမှ သတင်း ရရှိသည်။  ‘‘အမေရိကန်မှာရှိတဲ့ခရီးသွား အော်ပရေတာအသင်းကနေ နိုင်ငံ တစ်ဝန်းက ခရီးသွားအေဂျင်စီတွေ ကို စစ်တမ်းကောက်ယူ ခဲ့တဲ့အခါ ခရီးသည်တွေသွားဖို့ စိတ်ဝင်စားမှု အများဆုံးနဲ့ ခရီးစဉ်ရောင်းချမှု အ များဆုံးဒေသ ထဲမှာ မြန်မာနိုင်ငံက ထိပ်ဆုံးမှာ ၂ နှစ်ဆက်တိုက်ရပ် တည်နေပါတယ်’’ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦး နောင်းနောင်းဟန်က ပြောသည်။အမေရိကန်ခရီးသွားအော်ပ ရေတာအသင်းအနေဖြင့် အဆိုပါ စစ်တမ်းကို ၂၀၁၃ နှင့် ၂၀၁၄ တို့ တွင် ခရီးသည်များစိတ်ဝင်စားမှု အရှိဆုံးခရီးစဉ်ဒေသများကိုတစ် နှစ်တာကာလပတ်လုံး ကောက်ယူ ခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၁၅ တွင် လည်း မြန်မာနိုင်ငံသည် ထိပ်ဆုံးမှ ရပ်တည်နေသည်။
‘‘ပြီးခဲ့တဲ့ ၂ နှစ်လောက်က စပြီး မြန်မာနိုင်ငံရဲ့နိုင်ငံခြားခရီး သွားဧည့်သည်ဝင်ရောက်မှုက ၅၀ ရာခိုင်နှုန်းလောက် နှစ်စဉ်တိုးနေ တယ်။ လက်ရှိမှာလည်း ဧည့်သည် တွေစိတ်ဝင်စားမှုအခံရဆုံး ဒေသ ထဲမှာ ပါဝင်နေတာကို တွေ့ရပါ တယ်’’ဟု ဦးနောင်းနောင်းဟန်ကရှင်းပြသည်။ ၂၀၁၄ အတွင်း၌ မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည်ပေါင်း ၃ ဒသမ ၀၈ သန်းဝင်ရောက်ခဲ့ပြီး ၂၀၁၃ တွင် ၂ ဒသမ ၀၄သန်းကျော်သာ ၀င်ရောက်ခဲ့၍ခရီးသွားဝင်ရောက်မှု တစ်သန်းကျော် တိုးတက်လာခဲ့ကြောင်း ၀န်ကြီးဌာနစာရင်းများအရသိရသည်။
Ref: 7 Day News 

Coming Home


ကားပါကင် ထောက်ခံချက်ရရန် ကြန့်ကြာနေ၍ မော်တော်ယာဉ်တင်သွင်းသူအချို့ အခက်ကြုံ


ကားတင်သွင်းရာတွင် လိုအပ်သည့် ပါကင်ထောက်ခံချက်မှာ ယခင်ကကဲ့သို့ ရရှိရန် မလွယ်ကူတော့ဘဲ များစွာကြန့်ကြာနေ၍ မော်တော်ယာဉ်တင်သွင်းသူအချို့ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ မြို့နယ်အလိုက် ပါကင်ပါမစ်ထောက်ခံချက်တွင် အခက်အခဲ ဖြစ်ပေါ်နေပြီး ယခင်ကဲ့သို့ ပါကင်ပါမစ် လျှောက်ထားသူတိုင်း မရရှိသဖြင့်  အခက်အခဲကြုံတွေ့ နေရကြောင်း ကားတင်သွင်းသူများက ပြောသည်။အစိုးရက ပါကင်ပါမစ်နှင့် ပတ်သက်၍ တင်းကျပ်နေသည်မှာ မှန်ကန်သော်လည်း ပါမစ်ထုတ်ပေးသည့် အောက်ခြေတွင် အကျင့်ပျက်ခြစားမှုအချို့ရှိနိုင်ကြောင်း ကားတင်သွင်းသူများက ခန့်မှန်းပြောကြားကြသည်။ကားပါကင် ထောက်ခံချက်ရရှိရန် လက်ရှိတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊ လိုသလောက် မရရှိခြင်းတို့ကြောင့် ပါကင်ထောက်ခံချက်တစ်စောင်လျှင် ကျပ်ငါးသိန်းမှ ရှစ်သိန်းအထိ ပေါက်ဈေးရှိနေပြီး အလုပ်ရှုပ်မခံလိုသူများက ပြင်ပမှဝယ်ယူ၍ အသုံးပြုနေကြသည်ဟု ကားတင်သွင်းသူ ဦးမင်းမင်းစိုးက ပြောကြားသည်။
‘‘တချို့က အလုပ်ရှုပ်မခံချင်လို့ ပါကင်ကို အပြင်ကပဲ ၀ယ်လိုက်ကြတယ်’’ဟု ဦးမင်းမင်းစိုးက ဆိုသည်။ဧပြီအထိ လေးလတာ စာရင်းများအရ ပါကင်ထောက်ခံချက် ၈,၅၀၀ ကျော် ထုတ်ပေးထားပြီး နောက်ပိုင်း ထုတ်ပေးသည့် ပါမစ်ထောက်ခံချက် အရေအတွက်ကိုမူ တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ပေးခြင်း မရှိပေ။ရန်ကုန်တိုင်းဒေသကြီးတွင် ပါကင်ပါမစ်လျှောက်ထားသူ များပြားလာ၍ လျှောက်ထားသည့် ပုံစံ၌ မြို့နယ်တစ်ခုနှင့်တစ်ခု တူညီမှုမရှိကြောင်း ကားအရောင်းပြခန်းမှ ၀န်ထမ်းအချို့က ပြောကြားသည်။
‘‘သတ်မှတ်ထားတဲ့ မြေနေရာအကျယ်ရှိရင်တော့ လျှောက်လို့ရတယ်။ လာစစ်ဆေးတဲ့အခါ လည်း မြို့နယ်ထွေအုပ်၊ လ၀က၊ စည်ပင်နဲ့ရပ်ကွက်လူကြီး တွေ လာရောက်စစ်ဆေးမှုတွေ လုပ်ပါတယ်။ စာရွက်စာတမ်းနဲ့ သတ်မှတ်စည်းကမ်းနဲ့ ညီတယ်ဆိုရင် နှစ်ပတ်အတွင်း ပါကင်ပါ မစ်ပေးပါတယ်’’ဟု ရန်ကုန်တိုင်းအတွင်း တာဝန်ထမ်းဆောင်နေသည့် စည်ပင်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။မိမိပိုင်ဆိုင်သည့် မြေနေရာတွင် အိမ်စီးကားထားရှိမည်ဆို ပါက ၁၅×၈  ပေကျယ်သည့် မြေနေရာ၊ အခြားကားများအတွက် သတ်မှတ်ထားသည့် မြေနေရာအကျယ်အ၀န်း လိုအပ်သည့်အတွက် ရန်ကုန်မြို့တွင်းနေထိုင်သူများ ကားဝယ်ယူရန် အခက်အခဲများရှိကြောင်း သိရသည်။ရန်ကုန်မြို့တွင် ကားတင်သွင်းရာ၌ ပါကင်ထောက်ခံချက် တစ်ပါတည်း ပါဝင်ရမည်ဆို၍ ၂၀၁၅ အတွင်း ကားတင်သွင်းမှုမှာ ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး ကားအစီးရေ မြောက်မြားစွာတင်သွင်းနေခြင်းကို အစိုးရက ထိန်းချုပ်လိုက်သည်။
Source: 7 Day News

Myanmar Highways

Sunday, June 21, 2015

အမေရိကန်ထုတ် ဘိုးရင်း ၇၃၇-၈ဝဝ လေယာဉ်ဖြင့် ရန်ကုန်-စင်ကာပူခရီးစဉ်များ ဇူလိုင်လတွင် စတင်ပျံသန်းမည်


မြန်မာအမျိုးသားလေ ကြောင်း(MNA)မှ အမေရိကန်နိုင်ငံထုတ် ဘိုးရင်း ၇၃၇-၈ဝဝ အမျိုးအစား လေယာဉ် ဖြင့် 
ရန်ကုန်-စင်ကာပူ ခရီးစဉ်ကို ယခုနှစ် သြဂုတ်လတွင် စတင် ပျံသန်းသွားမည်ဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာအမျိုးသား လေကြောင်းလိုင်းအနေနှင့် ပြည်တွင်းခရီး စဉ် ၂၆ ခုကို ပျံသန်းနေသော လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး အဆိုပါခရီးစဉ်မှာ မြန်မာ အမျိုးသားလေကြောင်း၏ ပထမဆုံး နိုင်ငံ တကာ ခရီးစဉ်တစ်ခုဖြစ်ကြောင်း 
သိရသည်။
''ဘိုးရင်း ၇၃၇ အမျိုးအစားလေ ယာဉ်သစ်ဟာ နိုင်ငံတကာဈေးကွက် ကွန် ရက်အထိ ထိုးဖောက်တိုးချဲ့သွားမှာပါ''ဟု မြန်မာအမျိုးသားလေကြောင်းမှ အမှုဆောင် အရာရှိချုပ် ကပ္ပတိန်သန်းထွန်းက ပြောသည်။
အဆိုပါ ဘိုးရင်း ၇၃၇ ဂျက်လေ ယာဉ်သစ်ကို မြန်မာအမျိုးသား လေကြောင်း လိုင်းမှ ကမ္ဘာ့အကြီးဆုံး လေယာဉ်ငှားရမ်း သည့်ကုမ္ပဏီဖြစ်သော GE Capital လေ ကြောင်းလိုင်း ဝန်ဆောင်မှု (GECAS)ထံ မှ ငှားရမ်းထားခြင်းဖြစ်ပြီး ယင်းကုမ္ပဏီထုတ် ဘိုးရင်း ၇၃၇-၈ဝဝ အမျိုးအစား ငါးစင်းနှင့် ၇၃၇ မက်အိတ်အမျိုးအစား လေယာဉ်လေး စင်း ထပ်မံမှာယူထားကြောင်း သိရသည်။
မြန်မာအမျိုးသား လေကြောင်း လိုင်းသည် အဆိုပါကုမ္ပဏီမှ တစ်နှစ်လျှင် နှစ်စင်းနှုန်းဖြင့် ငှားရမ်းသွားမည်ဖြစ်ပြီး ယခု နှစ် အောက်တိုဘာလတွင် တစ်စင်း ရောက် ရှိနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။
''နောက်တစ်စင်းကတော့ ဒီနှစ် အောက်တိုဘာရောက်မယ်လို့ ခန့်မှန်းထား တယ်''ဟု ကပ္ပတိန်သန်းထွန်းက ဆက်ပြော သည်။
ယခုနှစ် သြဂုတ်လတွင် စတင် ပြေးဆွဲမည့် နိုင်ငံတကာလေကြောင်းကွန် ရက် ရန်ကုန်-စင်ကာပူ ခရီးစဉ်နှင့်အတူ
 မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည် တွင်းခရီးစဉ် ၂၆ နေရာနှင့် ၂ဝ၁၆ ခုနှစ်အ စောပိုင်းတွင် အာရှ-ပစိဖိတ်ဒေသအတွင်း ရှိ မြို့လေးမြို့သို့ လေယာဉ်သစ်နှင့် ချိတ် ဆက် ပျံသန်းသွားမည်ဟု သိရသည်။
မြန်မာအမျိုးသားလေကြောင်း လိုင်းသည် လက်ရှိတွင် လေယာဉ်ကိုးစင်း ဖြင့် ပြည်တွင်းရှိ ဒေသပေါင်း ၂၆ ခုသို့
 ပျံသန်းပေးနေသော လေကြောင်းလိုင်းတစ် ခုဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံတကာခရီး စဉ်များကို တိုးချဲ့ပျံသန်းသွားမည်ဟု သိရ သည်။
Source: Yangon Media


Saturday, June 20, 2015

ကားဟောင်းစလစ်ဈေး ကျပ် ၁၀ သိန်းခန့် ပြန်မြင့်လာပြီး ဇုန်ကားဈေး ၇ သိန်းခန့် ပြန်ကျဆင်း


ပြည်တွင်းထုတ်စက်မှုဇုန်ကားများကို ယာဉ်အိုယာဉ်ဟောင်းအပ်နှံသည့် ပုံစံအတိုင်း ၂၀၁၄ ခုနှစ်အတွင်း အပ်နှံခွင့်ပြုမည်ဟု ပြည်သူ့လွှတ်တော်တွင် ကတိပြု ကြေညာခဲ့ပြီး နှစ်ရက်အတွင်းကျပ် ၁၇ သိန်းကျော် ကျဆင်းသွားသည့် စလစ်ဈေးမှာ ဇွန်လတတိယပတ်အတွင်း ကျပ် ၁၀ သိန်းခန့် ပြန်လည်မြင့်တက်လာသည်ဟု စလစ် အရောင်းအ၀ယ်ပြုလုပ်နေသည့် အသိုင်းအ၀ိုင်းထံမှသိရသည်။

“လွှတ်တော်မှာကြေညာခဲ့တာက ၂၀၁၄ အတွင်းမှာ ဇုန်ကားတွေကိုအပ်နှံခွင့်ပြုမယ်လို့ပြောသွားတာ။ ရက်အတိ အကျပြောသွားတာမဟုတ်တော့ ကြေညာတဲ့ရက်ပိုင်းကတော့ စလစ်ဈေးက ထိုးကျသွားတယ်။ ဒါပေမဲ့ စလစ်လိုအပ်ချက်က မြင့်နေတော့ တရိပ်ရိပ်ပြန်တက်လာတယ်” ဟု စလစ်ပွဲစားလုပ်ကိုင်နေသူ တစ်ဦးက မဇ်္ဈိမကို ပြောသည်။

ပြည်တွင်းစလစ်ဈေးနှုန်းမှာ ပြည်သူ့လွှတ်တော်အတွင်း ကြေညာခဲ့သည့် ဇွန်လ ၁၀ ရက် ညနေပိုင်းမှစတင်၍ ပြန်လည်ကျဆင်းလာခဲ့ရာမှ ဇွန်လ ၁၂ ရက် စလစ်ပေါက်ဈေးမှာ ကျပ်သိန်း ၁၀၀ ၀န်း ကျင်သာရှိခဲ့ပြီး ဇွန်လ ၁၉ ရက်တွင် စလစ် တစ်စောင်ကို ကျပ်သိန်း ၁၁၀ အထိ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

“ ဒီနေ့ စလစ်က ၁၁၀ ကိုဝယ်လို့မ ရဘူး။ ဇုန်ကားတွေကို ကြေညာခဲ့တဲ့နောက်ပိုင်းတော့ စလစ်က အ၀ယ်အေးသွားပြီး ဈေးလည်းကျလာတယ်။ အခုအ၀ယ်ပြန် လိုက်လာတယ် ” ဟု မော်တော်ယာဉ် ရောင်းဝယ်သူ ဦးသိန်းထွန်းက ပြောသည်။

ယခုရက်ပိုင်း စက်မှုဇုန်ထုတ်ကားဈေးနှုန်းများမှာလည်း ပြန်လည်ကျဆင်းလာခဲ့ပြီး ကျပ် ၅၂ သိန်းအထိ မြင့်တက်နေသည့် စက်မှုဇုန်ထုတ် ဂျစ်ကားဈေးမှာ ယခု ၄၅ သိန်းသို့ကျဆင်းသွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှု အစီအစဉ်အရ ထုတ်ပေးသည့် စလစ်ဈေးနှုန်းများသာ မြင့်တက်လာသည် မဟုတ်ဘဲ ယခုနောက်ပိုင်းပြည်ပမှ တင်သွင်းသည့်ကား အများစုမှာ အငှားယာဉ်အဖြစ်အသုံးပြုမည့် ယာဉ်အများစုဖြစ်နေသဖြင့် တက္ကစီစလစ် ဈေးလည်းမြင့်တက်လာသည်ဟု ဦးသိန်းထွန်း ကပြောသည်။

“ တက္ကစီစလစ်တစ်စောင်ကို အရင်က ၅၇ သိန်း၊ ၅၈ သိန်းလောက်ပဲရှိတာ။ အခု ၆၅ သိန်းလောက်ကို ပေါက်နေတယ်။ အခု အငှားယာဉ်သွင်းတဲ့ သူတွေများနေတော့ အနည်းဆုံးလေး၊ ငါးသိန်းလောက်တက်လာတယ် ” ဟု ၎င်းက ဆိုသည်။

Source: Mizzima Burmese

Friday, June 19, 2015

City Taxi မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းကို တက္ကစီပိုင်ရှင်များ အားလုံးလုပ်ဆောင်နိုင်ရန် အချက်အချို့ကို စတင်ဖြေလျော့ပေး


တက္ကစီများအနေ ဖြင့် စီးတီးတက္ကစီမှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းကို လုပ်ဆောင် ရာတွင် အဆင်ပြေလွယ်ကူစွာလုပ် ကိုင်နိုင်ရန်အတွက် ဖြေလျှော့မှုအ ချို့ကို ဇွန် ၁၆ ရက်နေ့မှစတင်ကာ ဖြေလျှော့ပေး လိုက်ပြီဖြစ်ကြောင်း မထသ(ဗဟို)မှ သိရသည်။
''စီးတီးတက္ကစီ ပြုလုပ်တဲ့နေရာမှာ ယာဉ်ပိုင်ရှင်တွေရဲ့ ပထမ အခက်အခဲက ယာဉ်မောင်း မရှိတာ ဖြစ်နေတယ်။ အဲဒါကြောင့် တက္ကစီ ပိုင်ရှင်တွေအနေနဲ့ စီးတီးတက္ကစီပြု လုပ်ရာမှာ ယခင်က သတ်မှတ်ခဲ့တဲ့ ယာဉ်မောင်းနဲ့ ယာဉ်တစ်ပါတည်း ပါမှ လုပ်ပေးတဲ့အချက်တွေ အပါအဝင် ဒဏ်ကြေးတွေ ကိုလည်း ဖြေလျော့ ပေးလိုက်ပါပြီ။ ဒါကြောင့် ယာဉ်ကို ယာဉ်မောင်းမရှိလဲ ပထမဆုံးအနေ နဲ့ မှတ်ပုံလာတင်ပါ။ ယာဉ်မောင်း အသစ်မရှိသေးဘူးဆိုလည်း အဟောင်း နဲ့လာပြီး မှတ်ပုံတင်ထား။ ဒါပေမယ့် ယာဉ်ပိုင်ရှင်ရဲ့ဝန်ခံချက်တော့ ပါရ မယ်။ ယာဉ်မောင်းတင်တဲ့အခါမှာ (ဃ)လိုင်စင်ဖြစ်ရမယ်။ ဒါဟာ ဥပဒေ ထဲမှာလည်း ပါတဲ့အတွက် ယာဉ်ပိုင်ရှင် မှာလည်း တာဝန်ရှိတယ်။ ဒါကြောင့် ယာဉ်မောင်း(ဃ)လိုင်စင်ဖြစ်ဖို့ တာဝန်ယူရမယ်''ဟု မထသ (ဗဟို)ဥက္ကဋ္ဌဦးလှအောင်က ပြောသည်။
စီးတီးတက္ကစီမှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းများကို ယာဉ် ပိုင်ရှင်များအနေဖြင့် ယခင်က ပေး ဆောင်ရသည့် ဒဏ်ကြေးနှင့် အခြားသော ပေးဆောင်ရသည့် ဝန်ဆောင်ခများအပါအဝင် အခြား သောအခက်အခဲများကြောင့် သက် တမ်းတိုးပြုလုပ်မှု နည်းပါးရခြင်းဖြစ် ကြောင်း သိရသည်။
''အရင်က စီးတီးတက္ကစီ သက် တမ်းတိုးရာမှာ သက်တမ်းတစ်ရက် လွန်တာနဲ့ ဒဏ်ကြေးငါးထောင်ပေး ဆောင်ရတယ်။ အခု တစ်လအထိ စောင့်ပေးထားတယ်။ တစ်လကျော် မှ ဒဏ်ကြေး ငါးထောင်ပေးဆောင် ရမယ်။ သက်တမ်းမကုန်မီ နှစ်လ အလိုကစပြီး သက်တမ်းလာတိုးနိုင် တယ်။ ဒါဆိုတစ်ချိန်တည်းမှာ စုပြုံ ပြီး သက်တမ်းတိုးရမှာမဟုတ်တဲ့အ တွက် အချိန်စောင့်ဆိုင်းရတာမျိုး တွေဖြစ်မှာမဟုတ်တော့ပါဘူး။
 နောက် ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး ပြန်လည်လျှောက်ထားတဲ့ကားမျိုး တွေဆို စလစ်ဝယ်ပြီး အသစ်
တင်သွင်းတဲ့အခါ အရင်ကားပိုင်ရှင်က သက်တမ်းတွေအများကြီးကျော်နေ တဲ့အတွက် ယာဉ်ပိုင်ရှင် အသစ်အနေနဲ့ဒဏ်ကြေးဆောင်ဖို့ အဆင် မပြေနိုင်ဘူး။ ဒါကြောင့် ယာဉ်ပိုင်ရှင် အသစ်အနေနဲ့ စီးတီးတက္ကစီ မှတ် ပုံတင်တဲ့အခါ လက်ရှိတင်တဲ့အချိန် ကစပြီးတော့ပဲ ကောက်ခံမှာပါ။အရင်ပိုင်ရှင်ရဲ့ဒဏ်ကြေးပေးဆောင် စရာ မလိုတော့ပါဘူး။ အရင်က ကောက်ခံတဲ့ ကွန်ပျူတာစစ်ဆေးခ ကျပ် ၁ဝဝဝ ကိုလည်း အခုမကောက်ခံ တော့ပါဘူး။ ဒါကြောင့် စီးတီးတက္ကစီ မှတ်ပုံတင်တဲ့ အခါ မှတ်ပုံတင်ကြေး ကျပ် ၃ဝဝဝ နဲ့ အရင်က ကျပ် ၁၁၅ဝဝ ပေးရတဲ့ ဆေးရေးခ၊ ကတ်ပြားခ၊ ဓာတ်ပုံကြေးတို့ကိုလဲ ကျပ် ၉ဝဝဝ သာ ပေးရမှာဖြစ်ပါတယ်''ဟု မထသ (ဗဟို )ဥက္ကဋ္ဌ ဦးလှအောင်က ပြော ကြားသည်။
မထသ(ဗဟို)မှ တာဝန်ရှိသူများ က တက္ကစီပိုင်ရှင်များနှင့်တွေ့ဆုံကာ စီးတီးတက္ကစီ မပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင် တက္ကစီပိုင်ရှင်များကလည်း ယင်းတို့ ၏အခက်အခဲများကို တင်ပြခဲ့ရာမှ ယခုကဲ့သို့ ဖြေလျှော့မှုများကို တာ ဝန်ရှိသူများက ပြုလုပ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်လေးခုတွင် မှတ် ပုံတင်ထားသော တက္ကစီအစီးရေ ပေါင်း 
၇၁ဝ၃၂ စီးရှိပြီး ဇွန် ၁၆ ရက် အထိ စီးတီးတက္ကစီမှတ်ပုံတင်ပြီးစီး သော ယာဉ်အစီးရေမှာ ၅၁ဝဝဝ ခန့် ရှိနေပြီဖြစ်သည်။

‪Source : Democracy Today

မြေဧက၊တစ်သိန်းကျော်တွင်၊မြို့သစ်ပေါင်း၊ခုနစ်ခု တိုးချဲ့သွားရန်ရန်ကုန်မြို့တော်ဝန် စီစဉ်နေ



လူနေထိုင်မှု ပိုမိုသိပ်သည်းလာသည့် ရန်ကုန် မြို့တော်အတွက် လာမည့်နှစ် ၃၀ ကျော်တွင်
ပိုမိုတိုးလာမည့်လူဦးရေကို မှန်းဆကာ မြေ ဧက ၁၀၀,၀၀၀ ကျော်ကို အသုံးပြုကာ မြို့သစ်များတည်၍
အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင်
မြို့တော်ဝန် ဦးလှမြင့်က အသေးစိတ်အစီရင်ခံစာကို တင်သွင်းခဲ့ပြီးအဆိုပါအစီရင်ခံစာအပေါ်
လာမည့် ဇွန် ၁၉ ရက်နေ့တွင် လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်သည်။
လာမည့်အနာဂတ်တွင် Mega City ဖြစ်လာမည့် ရန်ကုန်မြို့တော်အတွက် မြို့သစ်များ
တည်မည်ဖြစ်ကာ တိုးချဲ့မြေ စုစုပေါင်း ၁၁၈,၇၃၂ ဧက (စတုရန်းမိုင်ပေါင်း ၁၈၅ ဒသမ ၅၄) ရှိပြီး
လူဦးရေ ၁၀ သန်းခန့် အခြေချနိုင်မည်ဖြစ်ကာ ယင်းအတွက် စုစုပေါင်းကုန်ကျငွေ ကျပ် ၈,၁၇၇
ဒသမ ၅၁ ဘီလျံ ကုန်ကျမည်ဖြစ်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
ရန်ကုန်မြို့တော်ဝန်က အသေးစိတ် တင်ပြခဲ့သည့် ယင်းအစီရင်ခံစာသည် ၂၀၁၃ ခုနှစ်တွင်
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီနှင့် Japan International Cooperation
Agency(JICA) တို့ ပူးပေါင်း၍ မူကြမ်းရေးဆွဲပြီးစီးခဲ့သည့် ရန်ကုန် မြို့ဟာဗျူဟာစီမံကိန်း
၂၀၄၀ (Yangon Strategic Plan 2040) ၏ အသေးစိတ်စီမံကိန်း လည်း ဖြစ်သည်။
ထိုနေ့တွင် တင်သွင်းခဲ့သည့် အစီရင်ခံစာ ၌ မြို့သစ်များတိုးချဲ့ခြင်းအပြင် အခြေခံအဆောက်အအုံ
အဆင့်မြှင့်တင်ခြင်းဖြစ် သည့် လမ်း၊ မြစ်ကူးတံတားနှင့် မြေအောက်တူးမြောင်းများ ဖောက်လုပ်ခြင်း
များလည်း ပါရှိသည်။
မြို့သစ်တိုးချဲ့ခြင်းများတွင် ဦးစားပေး ခုနစ်ခုဖြင့် ရန်ကုန်မြို့၏ အရှေ့မြောက်ပိုင်း၊ အနောက်တောင်ပိုင်း၊
ဒလမြို့နယ်၊ သန်လျင်မြို့နယ်၊ ထန်းတပင်မြို့နယ်၊ မှော်ဘီမြို့နယ်နှင့် လှည်းကူးမြို့နယ်များတွင်
တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးလှမြင့်က ပြောသည်။
“အဲဒီစီမံကိန်းတွေကို အကောင်အထည် ဖော်တဲ့အခါမှာ လက်ရှိဒေသတွင်း ကျေးရွာ များတွေကို
အဆင့်မြှင့်ပြီး ၀င်ငွေများတဲ့ သူတွေအတွက် အထပ်မြင့်လူနေရပ်ကွက်၊ အသင့်အတင့်ရှိသူတွေ
အတွက်အထပ် အလတ်ရှိ အဆောက်အအုံတွေရှိတဲ့လူနေ ရပ်ကွက်နဲ့ စိမ်းလန်းမြေနေရာတွေ၊
စီးပွားရေး နဲ့စက်မှုလုပ်ငန်းသုံးမြေနေရာတွေကို လုပ်ဆောင်ဖို့ အသေးစိတ်ရေးဆွဲထားပါတယ်” ဟု မြို့တော်ဝန်ကအဆိုပါအစည်းအဝေးတွင် ပြောသည်။
ဦးစားပေး (၁) မှာ ရန်ကုန် အရှေ့ မြောက်ပိုင်းမြို့သစ်ဖြစ်ပြီး မြေဧက ၁၇,၃၇၅ ဧက ပေါ်တွင်တိုးချဲ့
မည်ဖြစ်ပြီး ငွေကျပ် ဘီလျံ ၄၉၁ သမ ၁၃ ခန့်ကုန်ကျမည် ဖြစ်သည်။ လက်ရှိအချိန်တွင်လူနေထိုင်မှု
နည်းပါးလျက်ရှိသော ရန်ကုန် အရှေ့ မြောက်ပိုင်းသည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊
သီလ၀ါအထူးစီးပွားရေးဇုန် နှင့် ဟံသာဝတီလေဆိပ်အကြား ကုန်စည် ပို့ဆောင်ရေး အချက်အချာ
နေရာရှိခြင်း အပြင် ဆောက်လုပ်ရန် ပြင်ဆင်လျက်ရှိသည့် ရေသန့်စင်စက်ရုံ စီမံကိန်းများရှိခြင်း
တို့ကြောင့် ရေဖြန့်ဝေနိုင်မည်ဖြစ်သည့် အတွက် ဦးစားပေး (၁) အနေနဲ့ ဆောင်ရွက်သင့်ခြင်းဖြစ်ကြောင်း
၎င်းကပြောသည်။
ဦးစားပေး (၂) ဖြစ်သည့် ရန်ကုန်အနောက် တောင်ပိုင်းတွင် မြို့သစ်တည်ရန်အတွက် မြေဧက
၁၁,၇၁၆ ဧကကို အသုံးပြုသွားမည်ဖြစ်ကာ ကုန်ကျငွေ ကျပ် ဘီလျံ ၃၀၇၀ ဒသမ ၆၀
ကုန်ကျမည်ဖြစ်သည်။ ယင်းမြို့သစ်တည်ထောင်ဖြစ်ပါက လူဦးရေ ၂,၀၄၆,၀၀၀ ကျော်နေထိုင်နိုင်
မည်ဖြစ်ပြီး အိမ်ပေါင်း ၄၈၇,၁၈၀ ခန့် အခြေချဆောက်လုပ်နိုင်မည်ဖြစ်သည်။
ယင်းကဲ့သို့ ရန်ကုန်မြို့၏ အနောက် တောင်ပိုင်းအား ဦးစားပေး (၂) အဖြစ် မြို့သစ်တည်ရန်
စီစဉ်ရခြင်းသည် မြို့နှင့်အနီးဆုံး တွင် တည်ရှိပြီး မြစ်ခြားနေသော်လည်း လှိုင်သာယာကတစ်ဆင့်
သွားလာနိုင်ခြင်း၊ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၀ ခန့် မြင့်သဖြင့် မြို့ပြ
စီမံကိန်းဆောင်ရွက်နိုင်ခြင်း၊ ပန်းလှိုင်မြစ်အားဖြတ်ကူးရန် မြစ်ကူးတံတားနှစ်စင်း၊ ရန်ကုန်မြစ်ကို ဖြတ်ကူးရန် မြေအောက်လှိုဏ်ခေါင်း နှစ်စင်း၊ စသည်တို့ကို ဆောက်လုပ်ပေးခြင်းဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီးလျင်မြန်စွာ ဖွံ့ဖြိုးလာနိုင်သည့် အတွက် ဆောင်ရွက်
သင့်ကြောင်း ယင်း အစီရင်ခံစာတွင် ပါရှိသည်။

ဦးစားပေး (၃) အတွက် သန်လျင်ကို ရွေးချယ်ခဲ့ပြီး သန်လျင်မြို့သစ်အဖြစ် မြေဧကပါင်း ၂၁,၁၉၃ကို
တိုးချဲ့ပြီး၊ လူပေါင်း ၂,၀၂၃,၄၂၆ ခန့် နေထိုင်အခြေချနိုင်မည့် အနေအထား ဖြစ်သည်။ ယင်းမြို့သစ်
အတွက် ငွေကျပ် ဘီလျံ ၉၂၆ ဒသမ ၅၄ ကုန်ကျမည်ဖြစ်ကာ သန်လျင်မြို့သစ်၏ မြေနေရာအနေ
အထားသည် ရန်ကုန်မြို့နှင့် ဆက်သွယ်ထားသည့် တံတား နှစ်စင်းရှိသည့်အတွက်လမ်းပန်းဆက်
သွယ်ရေး ကောင်းမွန်မည်ဖြစ်သည်။ ထို့ပြင် ထပ်မံ၍တံတားနှစ်စင်း ဆောက်လုပ်ရန် ပြင်ဆင်လျက်ရှိခြင်း
အတွက် အဆိုပါတံတားများပြီးစီးပါက ကုန်စည်ပို့ဆောင်ရေးအတွက် များစွာအထောက်
အကူပြုနိုင်မည်ဖြစ်ကာ သီလ၀ါ အထူး စီးပွားရေးဇုန်အတွက်လည်း အထောက်အကူပြုနိုင်မည့်
ဖြစ်သောကြောင့် မြို့သစ်တိုးချဲ့ရန် လိုအပ်ခြင်းဖြစ်ကြောင်း ပါရှိသည်။
ထို့ပြင် လွန်ခဲ့သည့်နှစ်များကပင် ဖွံ့ဖြိုး သည့် မြို့တစ်ခုအဖြစ် လုပ်ဆောင်ရန် စီစဉ်ခဲ့ဖူးသည့်
ရန်ကုန်မြို့လယ်ကောင်နှင့် အနီးကပ်ဆုံးတွင်ရှိသည့် ဒလမြို့နယ်သည် လည်း ယခုစီမံကိန်းတွင်
မြို့သစ်တစ်ခု တည်ထောင်သင့်သည့် ဦးစားပေး နံပါတ်(၄) တွင် ပါရှိခဲ့သည်။ ဒလမြို့သစ်အတွက်
မြေဧကပေါင်း ၁၅,၁၇၃ ဧက အသုံးပြုတိုးချဲ့ မည်ဖြစ်ကာ လူဦးရေပေါင်း ၁,၄၀၄,၈၁၆ ခန့်
နေထိုင်နိုင်မည်ဖြစ်သည်။
“ဒလမြို့သစ်နေရာဟာ ရန်ကုန်မြို့လယ် ဘုံစီးပွားရေးဇုန်နဲ့ အနီးဆုံးမှာရှိပြီး မြစ်ကူးမြေအောက်
လိုဏ်ခေါင်း တည်ဆောက်မယ် ဆိုရင် ဖွံ့ဖြိုးလာမယ့်မြို့တစ်မြို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒလမြို့ရဲ့
ပထ၀ီအနေထားက ပင်လယ်ရေမျက်နှာပြင်အထက် ၁၀ ပေခန့်သာရှိတဲ့အတွက် မြေဖို့ခြင်းတွေ၊ တမံတွေတည်ဆောက်ခြင်းတွေ၊ ရေစီးရေလာစနစ်တွေကို ဦးစားပေးဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
ဒလမြို့သစ်အတွက် ငွေကျပ်ပေါင်း ဘီလျံ ၁၈၆၈ ဒသမ ၇၇ ခန့် အကုန်အကျခံ တည်ဆောက်ရပါမယ်”
ဟု မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။
ဦးစားပေး (၅) မှာ ထန်းတပင်မြို့သစ် ဖြစ်ကာ ယင်းမြို့သစ်မြေနေရာသည် ရန်ကုန်တိုင်းဒေသကြီးနှင့်
ဧရာဝတီတိုင်းဒေသကြီး အကြားတွင် တည်ရှိသည့်အတွက် စီးပွားရေး အချက်အချာကျသည့်
နေရာဖြစ်လာနိုင်ပြီး အမျိုးသားပညာရေးအတွက် အရေးပါသည့် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်နှင့်
နည်း ပညာတက္ကသိုလ်ရှိသဖြင့် ကောင်းမွန်သော မြို့ပြပတ်ဝန်းကျင် ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း
အဆိုပါအစီရင်ခံစာတွင်ပါရှိသည်။ သို့သော် ဥပဒေမဲ့ ကျူးကျော်ဝင်ရောက်မှုများကိုလည်း
ဟန့်တားရန်လိုအပ်ကြောင်းနှင့် မြေဧက ၂၄,၇၄၈ ခန့် တို့ချဲ့မည်ဖြစ်ပြီး လူဦးရေ ၂,၄၃၄,၇၀၆
ဦးခန့် အခြေချနိုင်မည်ဖြစ်သည်။ ယင်းမြို့သစ်အတွက် ကုန်ကျ ငွေမှာ ငွေကျပ် ဘီလျံ ၁,၂၆၂
ဒသမ ၈၇ ဖြစ်သည်။ ဦးစားပေး (၆) ဖြစ်သည့် မှော်ဘီမြို့သစ် အတွက် မြေဧကမှာ ၁၁,၅၉၄ ဧက
အသုံးပြု မည်ဖြစ်ကာ လူဦးရေ ၄၀၀,၀၀၀ ကျော် လာရောက်နေထိုင်မည်ဖြစ်သည်။ ထို့ပြင် ၂၇၁
ဒသမ ၉၇ ဘီလျံ ကုန်ကျခံမည်ဖြစ်ကာ အချက်အချာကျသည့် လမ်းကွန်ရက်ပေါ် တွင်
တည်ရှိခြင်းနှင့် မြေနေရာနှင့် အခြားနည်း အသုံးပြုမှုများ၊ စက်မှုလုပ်ငန်းငယ်များ များစွာ
ပျံ့နှံ့ပေါ်ပေါက် လာနိုင်ခြင်းကြောင့် မြို့သစ်တစ်ခုပေါ်ထွက်သင့်ခြင်း ဖြစ်သည်။ နောက်ဆုံး ဦးစားပေး
(၇) မှာ လှည်းကူး မြို့သစ်ဖြစ်ပြီး မြေ ၆,၉၃၃ဧက ခန့်ကျယ်ဝန်း မည်ဖြစ်ပြီး လူဦးရေ ၃၆၆,၁၅၆ ဦး
ခန့်နေထိုင်နိုင်မည်ဖြစ်ကာ ကျပ်ဘီလျံ ၂၈၅ ကုန်ကျမည်ဖြစ်သည်။ ယင်းမြို့သစ်မြေနေရာ၏
ပတ်ဝန်းကျင် နေရာများသည် အခြေချနေထိုင်မှု များပြား လာခြင်း၊ စက်မှုလုပ်ငန်းများတိုးပွားလာခြင်း တို့ကြောင့် စနစ်တကျဖြင့် မြို့ပြပတ်ဝန်းကျင် ဖော်ထုတ်နိုင်မည်ဟု သုံးသပ်ထားသည်။
ယင်းကဲ့သို့ ရန်ကုန်တိုင်း မြို့တော်ဝန်တင်ပြခဲ့သည့် အစီရင်ခံစာတွင်ပါရှိသော မြို့သစ်ခုနှစ်ခုတို့သည်
ယခင်ကမူကြမ်းရေးဆွဲခဲ့သည့် ရန်ကုန်မြို့ဟာ ဗျူဟာစီမံကိန်း ၂၀၄၀ (Yangon Strategic Plan
2040) တွင် လည်း ပါရှိကာ ယခုကဲ့သို့ အသေးစိတ် စနစ်တကျဖြင့် မြို့သစ်တည်ထောင်ပါက
တိုးချဲ့ တည်ဆောက်သင့်သည့် မြို့သစ်များဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မြို့ပြပညာရှင်ဖြစ်သူ ဦးတိုးအောင်က ပြောသည်။
“၂၀၁၃ ထဲက ဒီအစီအစဉ်ကို ဆွဲထားတာ ပါ။ အခု အသေးစိတ်ဆွဲတဲ့ အစီအစဉ်ကလည်း
တကယ်ဖြစ်သင့်ပါတယ်။ တကယ် ကောင်းပါတယ်” ဟု ၎င်းက ပြောသည်။

Source: The Myanmar Time

 

Myanmar Highways Recent Posts

Recent Posts Widget