Wednesday, June 10, 2015

ဆူဇူကီး ကားစက်ရုံသစ် မြန်မာနိုင်ငံတွင် တည်ဆောက်မည်



ရန်ကုန်-ဂျပန်ကားထုတ်လုပ်ရေး ဆူဇူကီး ကုမ္ပဏီသည် မြန်မာနိုင်ငံ တွင် ဒုတိယ ကားစက်ရုံတစ်ရုံ တည်ဆောက်ရေး ကန်ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံ ရန် စီစဉ်နေသည်။
စက်ရုံသစ်ဆောက်လုပ်ရန် ဆူဇူကီးကုမ္ပဏီသည် သီလ၀ါအ ထူး စီးပွားရေးဇုန်တွင် ဧက ၅၀ ခန့်ရှိ မြေကွက်ရယူထားသည်။ ယခုနှစ်ကုန်ပိုင်းတွင် စက် ရုံတည်ဆောက်မှု စတင်ပြီး ၂၀၁၇ တွင် စတင်လည်ပတ်ရန် ရည်မှန်းထားသည်ဟု japanese ကားစီးပွားရေးနေ့စဉ်က ဖော်ပြသည်။
ယင်းစက်ရုံအတွက် ယန်း ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ် နှံမည်ဟု မျှော်လင့်ရပြီး ၀န်ထမ်း ၃၀၀ ခန့် အလုပ်ရရှိနိုင်သည်။ မြန်မာနိုင်ငံတွင် ဆူဇူကီး ကားများ ထုတ်လုပ်မှု
ငါးဆခန့် တိုးတက်လာစေမည်ဟု သတင်း စာက ဖော်ပြသည်။
စက်ရုံသစ်တွင် ဆူဇူကီးက တစ်နှစ်လျှင် ကားအစီးရေ တစ် သောင်းထုတ်လုပ်မည်ဖြစ်ကာ
Ertiga ဟုခေါ်သော လူခုနစ်ဦး ထိုင်နိုင်သည့် ကားအမျိုးအစား လည်းပါဝင်သည်။
ကားအစိတ် အပိုင်းများကို နိုင်ငံခြားမှ တင် သွင်း တပ်ဆင်မည်ဖြစ်သည်။
ဆူဇူကီး ကုမ္ပဏီသည် ၁၉၉၉ ခုနှစ်မှစ၍ ပြည်တွင်းကုမ္ပ ဏီတစ်ခုနှင့်ပေါင်း၍ မြန်မာနိုင်ငံ တွင် ကားများ စတင်ထုတ်လုပ်ခဲ့ ပြီး ၂၀၁၀ တွင် ထွက်ခွာသွားခဲ့ သည်။ သို့သော် ၂၀၁၃ တွင် ကား များ ဆက်လက်ထုတ်လုပ်ခဲ့ပြီး တစ်လလျှင် Carry မီနီထရပ် ကား ၁၅၀ ထုတ်လုပ်နေသည်။

Source: Straitstimes

No comments:

Post a Comment

Welcome to Myanmar Highways
https://www.facebook.com/myanmarhighways

Myanmar Highways Recent Posts

Recent Posts Widget