လုပ်ငန်းသုံးယာဉ် အမျိုးအစားဖြစ်သော တံခါးလေး ပေါက်ပါ Double Cab (Pick Up) များအား နယ်စပ်
လမ်းကြောင်းများမှ တင်သွင်း ခွင့်အား မော်တော်ယာဉ် တင်သွင်းခွင့်ကြီးကြပ်ရေးကော်မတီ မှ ပြန်လည်
ရုပ်သိမ်းခဲ့ကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ Double Cab (Pick Up) များကို ဇူလိုင်၁ရက်မှစတင်ကာ ပင်လယ်ရေကြောင်းအပြင် နယ်စပ်
စခန်းဒေသများမှ တင်ခွင့်ပြုရန်စီစဉ် ခဲ့သော်လည်း မော်တော်ယာဉ်တင် သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော် မတီမှ
ဇွန် ၁၈ရက်က ပြန်လည်ရုပ် သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ''အရင်ပင်လယ်ရေကြောင်း ကနေ
တင်သွင်းနေတဲ့ Double Cab တွေကို နယ်စပ်စခန်းတွေက နေ တင်သွင်းခွင့်ပြုမယ်လို့ ပို့ကုန်၊ သွင်းကုန်ညှိနှိုင်း
အစည်းအဝေးက နေ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီ အစည်းအဝေးက ဌာနတစ်ခုတည်း ရဲ့ဆုံးဖြတ်ချက်ဖြစ်နေတော့ အခြား
ဌာနတွေနဲ့ ပြန်ပြီး ညှိနှိုင်းဆောင်ရွက် နိုင်အောင်လို့ အခုလိုပြန်ပြီးရပ်ဆိုင်း ထားတဲ့သဘော ပါ''ဟု ဆိုသည်။
လက်ရှိတွင် ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်၊ လုပ်ငန်းသုံးယာဉ်နှင့် Pick Up(Single Cab\Extra Cab\ Open Cab)
များကို ပုံမှန်အတိုင်း နယ်စပ်မှ တင်သွင်းခွင့်ပြုပေးသွား မည်ဖြစ်ပြီး Double Cab ယာဉ်များ နယ်စပ်တင် သွင်းခွင့်အတွက်
ဌာန ဆိုင်ရာနှင့် ညှိနှိုင်းဆွေးနွေးမှုရလဒ်များကို ပြန် လည်ထုတ်ပြန်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ရွှေဖြိုးဖြိုးကားအရောင်းစင် တာမှ ဦးသိန်းနိုင်က ''ဒီအမျိုးအစား တွေက အခုအချိန်မှာ နယ်စပ်ကတင်သွင်း
ခွင့်ပေးမထားသေးဘူး၊ လာမယ့် ဇူလိုင်လမှ စတင်မယ့်လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် ဈေးကွက်မှာအကျိုး
သက် ရောက်မှု ကြီးကြီးမားမားမရှိသေးဘူး။ နယ်စပ်ခွင့်ပြုပေးမယ်ဆိုရင်တော့ သင်္ဘောတင်
စရိတ်နေရာမှာ မောင်းသွင်းရတဲ့စရိတ်လောက်ပဲ ကုန်တော့ မှာဖြစ်တဲ့အတွက် ဈေးနှုန်းနည်းနည်းတော့
သက်သာသွားတာပေါ့''ဟု ဆို သည်။အဆိုပါယာဉ်အမျိုးအစားများ ကို လက်ရှိဘဏ္ဍာနှစ်အတွင်း ကုန်သွယ်
လုပ်ငန်းခွန်ကို ယခင် ၂၅ရာခိုင် နှုန်းမှ ငါးရာခိုင်နှုန်းသို့လျှော့ချပေးခဲ့ကြောင်း သိရသည်။
Source: Democracy today

No comments:
Post a Comment
Welcome to Myanmar Highways
https://www.facebook.com/myanmarhighways