Wednesday, June 10, 2015

ရန်ကုန်တိုင်းအစိုးရက မည်သည့်မော်တော်ယာဉ်ကိုမျှ စတေကာကပ်ခွင့် မပြုထား


 
 ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင်း မည် သည့်မော်တော်ယာဉ်ကိုမျှ စတေကာကပ် ရန် ခွင့်ပြုထားခြင်းမရှိဘဲ စတေကာကပ် သည့် မည်သည့်ယာဉ်ကိုမဆို လုပ်ထုံးလုပ် နည်းများအတိုင်း အရေးယူရန် ညွှန်ကြား ချက်ထုတ်ပြန်ထားကြောင်း သိရသည်။
”အခုလိုထုတ်ပြန်တာက ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ နာမည်အလွဲ သုံးစားလုပ်မှာ စိုးတဲ့အတွက်ပါ။ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က တရားဝင်ခွင့် မပြုထားတဲ့အတွက် ဘယ်ကားမဆို အရေး ယူလို့ ရပါတယ်ဆိုတာ အသိပေးတဲ့သဘော ပါ။ ဥပမာ-အစိုးရအဖွဲ့ရုံးကကားပါလို့ ပြောလည်း ဒီညွှန်ကြားချက်ပြပြီး ဖမ်းရုံပါပဲ”ဟု အ မှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူး ကျော်သူက Flower News သို့ အတည်ပြု ပြောကြားသည်။
မော်တော်ယာဉ်များတွင် စတေ ကာတပ်ဆင်ခြင်းနှင့်ပတ်သက်၍ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုရရှိထား သည့် မော်တော်ယာဉ်တချို့ကို ကင်းလွတ် ခွင့်ပေးထားသော်လည်း ယာဉ်တချို့အား ဖမ်းဆီးရာတွင် အစိုးရအဖွဲ့အမည်အား အ သုံးပြုကာ ဖိအားပေးမှုများရှိကြောင်း အောက် ခြေအဆင့် ယာဉ်ထိန်းရဲများကဆိုသည်။
စတေကာကပ်ယာဉ်တစ်စီးအား ဖမ်းဆီးမှုကို ကိုယ်တိုင်မြင်တွေ့ခဲ့သူ ကိုဇေ ယျာလွင်က ”ယာဉ်ထိန်းက မှန်အနက်ကြီးနဲ့ စတေကာကပ်ထားတဲ့ ကားတစ်စီးကိုတား လိုက်တယ်။ ကားကရပ်ပြီး မှန်ချလိုက်တယ်။ ပြီးတော့ ဘာကိစ္စလဲမေးတယ်။ ဟိုက လိုင် စင်လေးပြပါပြောတော့ ကားမောင်းတဲ့အမျိုး သမီးက ဖုန်းတစ်ကောလ်ခေါ်ပြီး မောင်လေး သူနဲ့ပြောလိုက်ဆိုပြီး ဖုန်းထိုးပေးတယ်။ ရဲ ခမျာ ဖုန်းတောင်မပြောရဲပါဘူး။ ပြန်လွှတ် ပေးလိုက်တယ်ဗျာ”ဟု ၄င်းတွေ့မြင်ခဲ့သည့် အဖြစ်အပျက်အား ပြန်လည်ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့အနေဖြင့် အဆိုပါညွှန်ကြားချက်အား မတ် လအတွင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Source : TheFlowerNews‬

No comments:

Post a Comment

Welcome to Myanmar Highways
https://www.facebook.com/myanmarhighways

Myanmar Highways Recent Posts

Recent Posts Widget