အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ဦးစီး ဆောင်ရွက်သော ဘက်ပေါင်းစုံ သဟဇာတ ဖြစ်စေသည့်
မြို့ပြဖြစ်ပေါ်စေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့တွင် ကျင်းပခဲ့ရာ မန္တလေးမြို့တွင်း
ရေစီးရေလာ ကောင်းမွန်ရေး၊ အမှိုက်စနစ်တကျစွန့်ပစ်ရေး၊သောက်သုံးရေ လုံလောက်စွာ ရရှိရေး
တို့ အတွက် အရပ်ဘက် အဖွဲ့အစည်းများလည်း ပါဝင်ဆွေးနွေးခဲ့ကြသည်။
အစိုးရက ၁၉၈၅ ခုနှစ်မှ ၁၉၉၅ ကာလ အတွင်း ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် အခြား အဓိက
ကျသောမြို့များတွင် ၀န်ထမ်းများ နေရာချထားခြင်းတို့အပြင် မြို့ကွက်သစ်ဖော်ခြင်းများကို
ပြုလုပ်ခဲ့သော်လည်း မြို့ပြ၀န်ဆောင်မှု၏ အခြေခံလိုအပ် ချက်ဖြစ်သော ရေမြောင်းစနစ်၊
လျှပ်စစ်မီး၊ သောက်သုံးရေ၊ လမ်းဖောက်လုပ်မှုတို့တွင် လိုအပ်ချက်ရှိခဲ့သည်။
အာရှဖွံ့ဖြိုးရေးဘဏ်မှ မန္တလေးမြို့ကို ဘက်ပေါင်းစုံ သဟ ဇာတဖြစ်စေသည့် မြို့ပြဖြစ်ပေါ်စေရေး
အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့်ပူးပေါင်းကာ ၂၀၁၄ ခုနှစ် အတွင်း
လေ့လာဆန်းစစ်ခဲ့ကြသည်။
“ကျွန်တော်တို့ စည်ပင်ရဲ့ အမြင်က တစ်မျိုး၊ တကယ့်ကို အနီးကပ်နေတဲ့ ရပ်ကွက်ထဲက
လူတန်းစားတွေရဲ့ အမြင်ကတစ်မျိုး၊ သူတို့ ရဲ့ အကြံဉာဏ်တွေရတယ်ဆိုတော့ ပိုပြီး
စဉ်းစားလို့ရတာပေါ့။ ဒါတွေက မြို့ရဲ့ စည်ပင်ဖွံ့ဖြိုးမှု၊ မြို့နေ လူတန်းစားတွေ
အကျိုး ရှိဖို့ပဲ ဖြစ်ပါတယ်။ မြို့အစွန်အဖျားနေသူ တွေရဲ့ဘ၀ကို ဘယ်လို မြှင့်တင်မလဲ မြို့ထဲက
လူတွေ အကျိုးခံစားရသလိုပဲ၊
မြို့စွန်က သူတွေလည်းအကျိုးခံစားခွင့်ရှိရမယ်လေ။ ဒါ လုပ်သွားမှာပါ”ဟု မန္တလေးမြို့တော်
စည်ပင်သာယာရေး ကော်မတီဝင် (၁) ဦးထွန်းကြည်က ပြောသည်။
အာရှဖွံ့ဖြိုးရေးဘဏ်၏ ကူညီဆောင်ရွက် ပေးမှုကြောင့် ၂၀၂၀ ပြည့်နှစ်တွင် မန္တလေး မြို့နေ
လူထု၏ ၉၅ ရာခိုင်နှုန်းခန့်ကို သောက်သုံးရေ ပေးနိုင်ဖွယ်ရှိကြောင်း၊ ယခု နှစ်တွင်ဂျိုက်ကာ
အစီအစဉ်ဖြင့်ပြည်ကြီး တံခွန်မြို့နယ် ရေပေးရေးအတွက် စတင် လုပ်ဆောင်နေပြီး
၂၀၁၇ တွင် ပြီးစီး နိုင်ဖွယ်ရှိကြောင်း ၎င်းက ပြောသည်။
“အမှိုက်သိမ်းဆည်းစနစ်ကိုလည်း နိုင်ငံ တကာမှာ ဆောင်ရွက်နေတဲ့စနစ်တွေကို လေ့လာပြီးပြီ။
ဘာစနစ်ပဲလုပ်လုပ် ပြည်သူ လူထု ပါဝင်ဖို့လိုတယ်။ လူထုကို ဘယ်လိုစည်းရုံးမလဲ အဆင့်က
စရမှာပေါ့။ သူတို့လည်း မန္တလေးမြို့ရဲ့ သန့်ရှင်းသာယာလှပရေးမှာ သူတို့ပါဝင်လို့ရတဲ့အပိုင်းတွေမှာ
ပါဝင်ချင်တယ်ဆိုတာ တွေ့လာရတယ်” ဟု မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီဝင်
ဦးသွင်ကျော်ကျော်က ဆိုသည်။
မန္တလေးမြို့ တစ်မြို့လုံးတွင် ငါးထောင် ၀န်းကျင်ခန့် ရှိနေနိုင်သည့် ကျူးကျော်အိမ်ရာ ပြသ၁နာ
များကိုထည့်သွင်းဆွေးနွေးခဲ့ကြသည်။
“ကျုးကျော်တဲ့လူတန်းစားတွေကို ဘယ်လို နေရာချထားပေးမလဲ။တခြားဝန်ထမ်းတွေ အရပ်သားတွေ
ဘယ်လိုနေရာချထားမလဲ။ သူတို့ မူလအလုပ်လုပ်ကိုင်တဲ့နေရာကနေမြို့သစ်ကို နေရာချ
ထားပေးတယ်။ ဒါပေမဲ့ အလုပ်လုပ်ကိုင်တဲ့နေရာကိုပဲ ပြန်သွားကြ တယ်။
တန်ဖိုးနည်းဖြစ်ဖြစ်၊ တန်ဖိုးသင့်ဖြစ်ဖြစ် အိမ်ရာတွေ တည်ဆောက်တဲ့အခါမှာ စောစောကလိုမျိုး
သူတို့နေရာအသစ်တွေ ရွှေ့ပေးတဲ့အခါလမ်းတွေ၊ လျှပ်စစ်မီးတွေ အသင့်လုပ်ပေးပြီးမှသာ
နေရာရွှေ့ပေးသင့် တယ်။ အဲဒါမပြီးသေးပဲ ပေးတော့ သူတို့ကရတာတွေကို ရောင်းပြီး
မူလနေရာကိုပဲဖြစ်သလို လာနေထိုင်တော့ ကျူးပြဿနာ ဖြစ်နေတာပေါ့”ဟု
မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနမှ ဌာနမှူး
ဦးနေ၀င်းမြင့်က ဆိုသည်။
Source - mmtimes

No comments:
Post a Comment
Welcome to Myanmar Highways
https://www.facebook.com/myanmarhighways