Tuesday, June 16, 2015

ရခိုင်ပြည်နယ်တွင် လယ်သမားများ အတွက် ဖွံ့ဖြိုးရေးဘဏ် ဖွင့်မည်



ရခိုင်ပြည်နယ်အတွင်းရှိ၊ အခြေခံလယ်သမားများ ဘ၀ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အများပိုင် ကုမ္ပဏီထောင်ပြီး ဖွံ့ဖြိုးရေးဘဏ်ဖွင့်ကာ ချေးငွေများထုတ်ချေးသွားမည် ဖြစ်ကြောင်း ရခိုင်ခေတ်မီ စိုက်ခင်းဖွံ့ဖြိုးမှု အစုအဖွဲ့မှ စီမံကိန်းဒါရိုက်တာ ဦးဖေသိန်းက The Messenger Media သို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် လယ်ယာမြေလုပ် ငန်းလုပ်ကိုင်နိုင်သော မြေနေရာ အများအပြားရှိ သော်လည်း စိုက်ပျိုးစရိတ်၊ မျိုးစေ့ စရိတ်နှင့် မြေသြဇာ စရိတ်မတတ်နိုင် သောကြောင့် လယ်ယာမြေ လုပ်ငန်း လုပ်ကိုင်သူ များက တခြားနိုင်ငံ များသို့ သွားရောက် လုပ်ကိုင်ကြသည့် အခြေအနေအထိ
ဖြစ်ပွားနေကြောင်း၊ အစိုးရအနေဖြင့် စိုက်ပျိုး စရိတ်ချေးငွေကျပ် တစ်သိန်းနှင့် အခြား စရိတ် တစ်သောင်းတို့ကို ထုတ်ချေး သော်လည်းလယ်သမားများ အနေဖြင့် ပြေလည် မှုမရှိကြောင်း ၎င်းကပြောသည်။
အစိုးရကတော့ ချေးတာတော့ချေး တာပေါ့။ သူတို့မှအဆင်မပြေတာ ကျွန်တော်တို့က သူတို့ဒေသမှာ စိုက်ပျိုးတဲ့ လယ်ယာမြေတွေဆီကနေတစ်လကို သုံးသိန်းကနေ ငါးသိန်းအကြား လျာထားပေးနိုင်ရင်
သူတို့ အနေနဲ့လည်း နိုင်ငံခြားသွား အလုပ်လုပ်ကိုင်စရာ မလိုတော့ဘူး။
ကျွန်တော်တို့ နိုင်ငံကလူဦးရေလည်း များလာပြီး၊ စားနပ်ရိက္ခာ ကပါ ရှားပါးမယ်ဆို ရေရှည်
မကောင်းဘူး ဟု ဦးဖေသိန်းက ပြောသည်။
ရခိုင်ပြည်နယ်အနေဖြင့် လယ်ယာ မြေဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် ဥယျာဉ်ခြံတည်၊ သစ်တော စိုက်ခင်း ထူထောင်မှု၊သဘာဝသြဂဲနစ် စိုက်ခင်း ထူထောင်မှုစသည်တို့ကိုလည်း နိုင်ငံတကာ
မှ လူမှု အဖွဲ့အစည်း များ၏ အကူအညီများ ရယူ၍ သင်တန်းများသင်ကြားပေး နေကြောင်းလည်း သိရသည်။
အခုတော့ အစိုးရက တစ်ဧကကို တစ်သိန်းနှုန်းနဲ့ ချေးပေးနေပါတယ်။ နောက်အသင်းအဖွဲ့တွေက ထပ်ချေးမယ်ဆိုတော့ လယ်သမားတွေအတွက်ပိုပြီး အဆင်ပြေတာပေါ့။ လောလောဆယ်တော့ အစိုးရက ချေးငွေနဲ့ပဲ စိုက်ပျိုးနေရ ပါတယ် ဟု လယ်သမားတစ်ဦး ဖြစ်သူ ဦးနန်းဦးက ပြောသည်။

Source: Messenger news

No comments:

Post a Comment

Welcome to Myanmar Highways
https://www.facebook.com/myanmarhighways

Myanmar Highways Recent Posts

Recent Posts Widget