Tuesday, June 16, 2015

ပုပ္ပားတောင် စပျစ်ခြံဥယျာဉ်ကို နိုင်ငံခြားသားထံ ရောင်းချပါက ရေရရှိရေး ဒေသခံများ စိုးရိမ်နေ


ပုပ္ပားရဲစခန်းအရှေ့ဘက်ရှိ ဧက ၂ဝဝ နီးပါးရှိသော အစိုးရပိုင် ပုပ္ပားတောင် စပျစ်ခြံဥယျာဉ် ကို နိုင်ငံခြားသားထံရောင်းချပါက ကျောက်ပန်းတောင်းမြို့အတွက် ရေရရှိရေး ခက်ခဲ သွားမည်ကို ဒေသခံများစိုးရိမ်နေ ရကြောင်း ဒေသခံ တစ်ဦးဖြစ်သည့် ဆရာတော် ဦးယုဇနထံမှ စုံစမ်းသိရှိရသည်။
ဆရာတော် ဦးယုဇနက”ပုပ္ပား စပျစ်ခြံကနေ ကျောက်ပန်းတောင်းအတွက် ရေကိုပိုက်နဲ့ သွယ်ပို့တာ။
 ဒီရေ ပိုက်လိုင်းက စပျစ်ခြံထဲက သွယ်တန်းထားတာ။ ဦးနုလက်ထက်ကတည်းကပဲ။
 ကျောက်ပန်းတောင်း က ရေရှားတယ်လေ။ ဒီလိုသာ ခြံကိုရောင်းလိုက်တဲ့အခါ ရေပိုက်လိုင်းတွေကို အလွဲသုံးစားလုပ်လိုက်ရင် ကျောက်ပန်းတောင်း တစ်မြို့လုံး ရေပြသ၁နာ ကြီးကြီးမားမားဖြစ်မှာကို စိုးရိမ်နေကြတယ်” ဟု မိန့်သည်။
ပုပ္ပားတောင် ချစ်သူများအသင်းမှ ဦးကျော်ဝင်းဆွေက ”ဒေသခံတွေအတွက် စိုက်ပျိုးရေးဆိုင်ရာ အကူအညီ တွေရနေတယ်။ နိုင်ငံခြားသားကိုသာ ရောင်းလိုက်ရင် စိုက်ပျိုးရေးမလုပ်ဘဲ သူတို့ကဟိုတယ် တွေလာ ဆောက်မယ်။ ဒီအခါ စိုက်ပျိုးရေးနဲ့အသက်မွေးနေတဲ့ ဒေသခံတွေအတွက်
 ပြသ၁နာ ရှိလာ နိုင်ပါတယ်။ ဒါကို စိုးရိမ်နေတာပါ” ဟု ဆိုသည်။ အဆိုပါ စပျစ်ခြံဥယျာဉ်ရောင်းချမည့် ကိစ္စနှင့် ပတ်သက်၍ ဆည်ပေါက် စိုက်ပျိုးရေး ခြံမန်နေဂျာ ဦးငွေစန်းသို့ ဆက်သွယ်မေးမြန်းရာ ၎င်းက”ရောင်းမယ်ဆိုတာ မဟုတ်ပါဘူး။
ဒါကိုလည်း အုပ်ချုပ်ရေးမှူးအပါအဝင် ကျွန်တော်တို့တွေ ဒေသခံတွေကို ရှင်းပြပြီးပါပြီ” ဟု ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ကျောက်ပန်းတောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး
ဦးစောထွန်းဝင်းနိုင်ထံ ဆက်သွယ်မေးမြန်းရာ ”သက်ဆိုင်ရာဌာနတွေက ရှင်းပြပြီးသားပဲ။
 စိုက်ပျိုးရေးခြံ ကိစ္စဆိုတော့ စိုက်ပျိုးဌာန ကိုပဲမေးကြည့်ပါ” ဟု ဖြေကြားခဲ့သည်။
လက်ရှိတွင် အဆိုပါနေရာမှထွက်ရှိသော ရေအားလုံး၏ သုံးပုံတစ်ပုံကို စိုက်ပျိုးရေးခြံအတွက် သုံးစွဲ၍ ကျန်ရေများကို ကျောက်ပန်းတောင်းသို့ ပို့ပေးနေသည်။ ယင်းမှာ လောက်ငှမှုရှိနေသော်လည်း ခြံများရောင်းချ လိုက်ပါက ရေပြဿနာကြုံ ရမည်ကို စိုးရိမ်ရသည်။ ထို့ပြင် ရွာကြီးနှစ် ရွာခန့် အကျယ်အဝန်းရှိသော ယင်းခြံ များတွင် နိုင်ငံခြားသားများ အခြေချလာပါက ဒေသ၏ယဉ်ကျေးမှုများ ထိခိုက်လာနိုင်သည်ဟု ဒေသခံများ က ဆိုသည်။

Source - mizzimaburmese

No comments:

Post a Comment

Welcome to Myanmar Highways
https://www.facebook.com/myanmarhighways

Myanmar Highways Recent Posts

Recent Posts Widget