လူနေထူထပ်လာပြီး ဖွံ့ဖြိုးရေးလုပ်ဆောင်မှု များ များပြားလာသော ရန်ကုန်မြို့၏ ငလျင်ဘေး အန္တရာယ် လျော့ပါးရေး ကြိုးပမ်းမှု တစ်ရပ်ဖြစ်သော ငလျင်အန္တရာယ်ဆန်းစစ်ချက်စီမံကိန်းကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ် သော အဆိုပါစီမံကိန်း လုပ်ငန်းအစီအစဉ်အခမ်းအနားမှ သိရသည်။
ယခုနှစ်ကုန်တွင်ပြီးစီးမည့် အဆိုပါ တစ်နှစ်စီမံကိန်းကို နော်ဝေအစိုးရနှင့် ဥရောပသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး ဌာန၏ ဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အစီအစဉ်အောက်တွင်ရှိသော မြန်မာ့ရပ်ရွာလူထု ဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ရေး ပူးပေါင်း အဖွဲ့သည်ကုလသမဂ္ဂနေရာချထားရေး အစီအစဉ်နှင့်အတူ အဆိုပါ လေ့လာချက်ကို ဆောင်ရွက်ရန် အဓိကငွေကြေးထောက်ပံ့ထားပြီး သက်ဆိုင်ရာ အစိုးရဌာနများ၊ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၊ မြန်မာနိုင်ငံ
ငလျင်ကော်မတီ အစရှိသော နည်းပညာဆိုင်ရာ အဖွဲ့ အစည်းများကလည်း ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၈၀ ခန့်နှင့် နှိုင်းယှဉ် ပါက လူဦးရေ ၁၀ ဆကျော် ပိုမိုများပြားလာ သော ရန်ကုန်မြို့တွင် ငလျင်ဘေးအန္တရာယ် လျော့ချရေး လုပ်ငန်းများကို အမြန်ဆုံး
အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး အစီအစဉ်၏ဦးဆောင်သူ Mr Bijay Karmacharya က အဆိုပါ စီမံကိန်း ဖွင့်ပွဲတွင်ပြောသည်။
၁၉၃၀ ပြည့်နှစ်တွင်ဖြစ်ပွားခဲ့သော အင် အား ရစ်ခ်ျတာစကေး ၇ ရှိသော ပဲခူးငလျင် ကြောင့်ပဲခူးမြို့တွင် အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံး၍ လူဦးရေ
၅၀၀ ကျော်ခန့် သေဆုံးခဲ့ကာအဆိုပါငလျင်၏ အရှိန်ခံစားခဲ့ ရသော ရန်ကုန်မြို့တွင်လည်း ပျက်စီးမှုအချို့ ရှိခဲ့ပြီး လူ ၅၀ ဦးခန့်သေဆုံးခဲ့ရသည်။
ထိုစဉ်က ရန်ကုန်မြို့၏ လူဦးရေမှာ သုည ဒသမ ၄ သန်း ခန့်သာ ရှိသည်။ “ငလျင်ကြောင့် လူသေရတာ မဟုတ်ပါဘူး။ အဆောက်အအုံပျက်စီးမှုတွေကြောင့် လူတွေသေဆုံးရတာပါ။
လက်ရှိရန်ကုန်ဟာ လူဦးရေ ငါးသန်းကျော်ရှိပြီး အဆောက်အအုံ တွေ၊ စီးပွားရေးဆိုင်ရာအခြေအနေတွေ လည်း သိသိသာသာ တိုးတက်ပြောင်းလဲလာ ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ငလျင် ဖြစ်ပွားရင် သိသာထင်ရှားတဲ့ ဆိုးကျိုး သက်ရောက်မှုတွေလည်း ရှိလာနိုင်ပါတယ်”ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့ ငလျင်အန္တရာယ် ဆန်းစစ်မှု စီမံချက်တွင် ငလျင်ဖြစ်ပေါ်နိုင်သော ရင်းမြစ် များကို ဆန်းစစ်ခြင်း၊ ဖြစ်နိုင်ခြေရှိသော လှုပ်နိုင်မှု ပမာဏများကို ခန့်မှန်းခြင်း၊ ထည့်သွင်းတွက်ချက်ခြင်း၊ ရရှိလာသော လေ့လာမှုအချက်အလက်များဖြင့် ငလျင်အန္တရာယ်ပြမြေပုံများထုတ်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငလျင်သုတေသန ပညာရှင် ဒေါက်တာမျိုးသန့်ကပြောသည်။
“အနာဂတ်မှာ ရန်ကုန်မြို့ ပတ်ဝန်းကျင် မှာ လှုပ်နိုင်တဲ့ ငလျင် ရင်းမြစ်တွေနဲ့ဆိုင်တဲ့ မှတ်တမ်းတွေ၊ သက်ရှင်ပြတ်ရွေ့တွေနဲ့ဆိုင် တဲ့ အချက်အလက်တွေ၊ ဘူမိအင်ဂျင်နီယာဆိုင်ရာ၊ ငလျင်အန္တရာယ် ဆိုင်ရာမြေပုံတွေ ကို ဒီစီမံကိန်းကနေ ရရှိမယ်လို့ ကျွန်တော်တို့ မျှော်မှန်းပါတယ်” ဟု ၎င်းကပြောသည်။
အဆိုပါ ဆန်းစစ်မှုတွေ့ရှိချက်များကို အခြေခံကာ ဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၏ ဒုတိယ
ဥက္ကဋ္ဌ ဦးစိုးသူရထွန်းကပြောသည်။
“ဒီမြေပုံတွေရရင် အစိုးရတွေ၊ စီမံခန့်ခွဲတဲ့ သူတွေက ဘယ်နေရာမှာ ငလျင်ဘေးအန္တရာယ်နဲ့
ပတ်သက်ပြီး စီမံခန့်ခွဲဖို့လိုတယ်၊ အရေးပေါ် တုံ့ပြန်မှုအစီအမံတွေ ပိုလုပ်သင့်တယ် ဆိုတာကို သိနိုင်ပါတယ်။ နောက်ပြီး အဆောက်အအုံ ဘယ်လိုဆောက်ရမယ်ဆိုတဲ့ ဥပဒေစနစ်တွေ လည်း လုပ်နိုင်မှာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်သူတွေကလည်း သူတို့ရဲ့ ရင်းနှီး မြှုပ်နှံမှုတွေ လုံခြုံဘေးကင်းမှုအတွက် အစီ အမံတွေလုပ်နိုင်မယ်။ ပြည်သူလူထုတွေက လည်း အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေကို သိရင် ကြိုတင်ပြင်ဆင်မှုတွေ၊ အရေးပေါ်တုံ့ပြန်မှုတွေကို လုပ်ဆောင်ထားနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
စီမံကိန်း လေ့လာတွေ့ရှိချက်များကို အခြေခံကာ အနာဂတ် ငလျင်အန္တရာယ် လျှော့ချရေး စီမံချက်များကို လုပ်ဆောင်သွား မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောသည်။
“ဒီလေ့လာမှုတွေကနေ ဘယ်နေရာတွေ က အန္တရာယ်ရှိမလဲဆိုတာသိလာမယ်။ မြေပုံတွေပေါ်
အခြေခံပြီး တည်ဆောက်ရေး မှာ ငလျင်ဒဏ်ခံနိုင်တဲ့အဆောက်အအုံတွေ ဆောက်မယ်။ ငလျင်ဖြစ်ရင် လူတွေစုဝေးဖို့ အတွက် ကွင်းတွေထားသွားမယ်” ဟု ၎င်းကပြောသည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းက မြန်မာနိုင်ငံ ငလျင်ကော်မတီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းနှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းတို့သည် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး
ဦးစီးဌာန၊ ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး အစီအစဉ်တို့နှင့် ပူးပေါင်းကာ ပဲခူး၊ စစ်ကိုင်း၊တောင်ငူမြို့များ အတွက် ငလျင်အန္တရာယ် ဆန်းစစ်ချက်များ ဆောင်ရွက်ခဲ့သည်။
Source - mmtimes

No comments:
Post a Comment
Welcome to Myanmar Highways
https://www.facebook.com/myanmarhighways