ရွှေတိဂုံဘုရားအနီးရှိ Dagon City စီမံကိန်းကို ယခုအစိုးရ လက်ထက်တွင် ဆောင်ရွက်ခြင်း မပြုဘဲ ရပ်ဆိုင်းထားရန်အဆိုမှာ တိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးခွင့်မရဘဲ ပယ်ချခံလိုက်ရသည်။
လွှတ်တော်အစည်းအဝေတွင် ဒေါက်တာဒေါ် ညိုညိုသင်းက အဆိုတင်ပြခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးနှင့်စီမံကိန်းဝန်ကြီး ဦးသန်းမြင့်က ချက်ချင်းကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
‘‘ဒီလိုလုပ်တာက နည်းဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာ။ တိုင်းအစိုးရအနေနဲ့ ဒီလိုလုပ်တာနှစ်ခါရှိပြီ။ နည်းဥပဒေအရဆိုဒါကိုဆွေးနွေးဖို့လွှတ်တော်ရဲ့သဘောထားကို
တောင်း ခံတဲ့အချိန်မှာ ဒီလိုဝင်ကန့်ကွက် လို့မရဘူး’’ဟု အဆိုတင်သွင်းသူ
ဒေါက်တာညိုညိုသင်းက ပြော သည်။
ရွှေတိဂုံစေတီတော်အနီးရှိ တပ်မတော်ပိုင်မြေများပေါ်တွင်တည်ဆောက်မည့်စီမံကိန်းများကြောင့်
ရေရှည်တွင်ရွှေတိဂုံစေတီတော်ကြီး၏ကြံ့ခိုင်မှုကိုထိခိုက်လာနိုင်သဖြင့် ဆောက်လုပ်ခြင်းမပြုရန် ကန့်ကွက်မှုများရှိခဲ့ပြီး မေလအတွင်းက ယင်းကိစ္စရပ်နှင့်ပတ်သက်၍
‘‘Save the Shwedagon’’ ဖိုရမ် ကျင်းပကာ ပညာရှင်များက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး
ထောက်ပြမှုများ ပြုလုပ်ခဲ့သည်။
Source: 7 Day News

No comments:
Post a Comment
Welcome to Myanmar Highways
https://www.facebook.com/myanmarhighways