Thursday, June 18, 2015

ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်တောင်တက်လမ်း


 
Photo - Mg Mg Soe

ဘယ်အချိန်ဘယ်ကာလသွားသွား လှပတဲ့ ရေမြေတောတောင်အလှနဲ့
စိတ်ချမ်းမြေ့ကြည်နူးဖွယ်ရာမြန်မာပြည်ရဲ့  ဘုရားဖူး နေရာဒေသတစ်ခုဖြစ်ပါတယ်
ယခင်ကာလများစွာက မိုးရာသီအခါမှ ရေစီးမြေပြိုမှုတွေကြောင့် သွားလာမှု
ပိတ်ထားခဲ့ပေမယ့် ယခုအချိန်မှာတော့ မိုးရာသီမှာပါ အဆင်ပြေပြေ
သွားလာနိုင်ပြီ ဖြစ်ပါတယ်။
ခရီးအသွားအလာများတဲ့ မိုးအကုန် ဆောင်းဦးကာလ၊ ဆောင်းတွင်းနဲ့ နွေဦးရာသီတွေမှာတော့
မြန်မာပြည်အနှံ့က ဘုရားဖူးများနဲ့ အမြဲစည်ကားနေလေ့ရှိပြီး
အလုပ်ပိတ်ရက် ရုံးပိတ်ရက်များမှာ မိသားစု၊ အသင်းအဖွဲ့များအနေဖြင့်လည်း
အဖွဲ့လိုက်သွားလာအပန်ဖြေရင်း ဘုရားဖူးခရီးလည်းဖြစ်တာကြောင့်
ကုသိုလ်အမှုတို့ ပေါင်းစုပြုရာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထင်ကရ နေရာဒေသလည်း
ဖြစ်ပါတယ်။ ယခုနှစ်ပိုင်းတွေမှာ ကမ္ဘာလှည့်ခရီးသည်အများအပြား ပိုမိုလာရောက်ဖူးမြော်လျက်
ရှိနေပြီး အံ့သြဖွယ် စေတီတည်ထားမှု ပုံစံကြောင့် ပြည်တွင်း ပြည်ပက
ခရီးသွားတွေ အတွက် ကမ္ဘာ့အရပ်ရပ်ထင်ရှားတဲ့မြန်မာပြည်မှ ကျိုက်ထီးရိုးစေတီတော်နဲ့
ရေမြေသဘာဝ အလှဟာ ထာဝရဆွဲဆောင်လျက်တဲ့ နေရာဒေသတစ်ခုအဖြစ်
တည်ရှိနေပါတယ်။

✍ Myanmar Highways

                                       Welcome to Myanmar Highways

No comments:

Post a Comment

Welcome to Myanmar Highways
https://www.facebook.com/myanmarhighways

Myanmar Highways Recent Posts

Recent Posts Widget