အခြေခံ ပြည်သူများ အတွက် တန်ဖိုးနည်း အိမ်ရာများကို ဂျပန်နိုင်ငံ၏ ထောက်ပံ့ငွေဖြင့် UN-Habitat က ဆောက်လုပ်ပေး သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ တန်းဖိုးနည်း အိမ်ရာတွေ ဘယ်လို ဆောက်ရမယ်၊ ဘယ်လိုလုပ် ရမယ် ဆိုတာကို ဆောက်လုပ်ရေး ၀န်ကြီးဌာနနဲ့ ညှိနှိုင်းနေ ပါတယ်။ အသေးစိတ်တော့ ပြောလို့ မရသေးဘူး။ သေချာတာ ကတော့ မြို့ထဲမှာတော့ မဟုတ်ဘူး။ ဘယ်မှာ လုပ်မယ် ဆိုတာကို ပြောဖို့က ခက်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ အခုမှ ညှိနှိုင်း နေတုန်းပဲ ဟု UN-Habitat မှ ဦးမောင်မောင်မြင့်က The Messenger Media သို့ ပြောသည်။
ဂျပန်နိုင်ငံက မြန်မာနိုင်ငံရှိ အခြေခံ အဆောက်အဦ ဆောက်လုပ်ရေး အတွက် အမေရိကန် ဒေါ်လာ (၅ ဒသမ ၃) သန်းကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ ဖြစ်သော UN-Habitat မှ တစ်ဆင့် ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စီမံကိန်းကြောင့် လူပေါင်း (၆၅၀၀၀)ကျော် အကျိုးခံစားနိုင်ရန် ရည်မှန်း ထားကြောင်း သိရသည်။ ဒီအစီအစဉ်က မြန်မာနိုင်ငံမှာ ရှိတဲ့ ဆင်းရဲပြီး ပဋိပက္ခတွေ၊ သဘာဝ ဘေးအန္တရယ် တွေကြောင့် ထိခိုက် နစ်နာခဲ့ရတဲ့ လူ့အဖွဲ့အစည်း တွေရဲ့ အရေးပေါ် လိုအပ်ချက်တွေကို ကူညီ ဖြည့်ဆည်းပေးဖို့ ဖြစ်ပါတယ် ဟု UN-Habitat မှ စီမံကိန်း မန်နေဂျာ BIjay Karmacharya က ပြောသည်။
အဆိုပါ အထောက်အပံ့ အနက် တစ်ဝက်ကို ရန်ကုန်မြို့တွင် တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်ရေးတွင် အသုံးပြု သွားမည် ဖြစ်ကာ ကျန် တစ်ဝက်ကို တိုင်းရင်းသား ဒေသ များတွင် အသုံးပြု သွားမည် ဖြစ်သည်။ ထိုကဲ့သို့ တိုင်းရင်းသား ဒေသများ အတွက် အသုံးပြုရာတွင် ပဋိပက္ခများ ထိခိုက် ခံရသော ကချင် ပြည်နယ် မန်စီ၊ မိုးမောက် မြို့နယ်များနှင့် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်တို့၌ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရေးနှင့် အရေးပေါ် ထောက်ပံ့ရေး တို့အတွက် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။
Source: messenger News
No comments:
Post a Comment
Welcome to Myanmar Highways
https://www.facebook.com/myanmarhighways